Part { 3 }

718 19 0
                                    

" ကျလိ ကျလိ!! "

ဌက်ကလေးတွေရဲ့ တေးသံလေးတွေနဲ့အတူသာယာတဲ့
မနက်ခင်းလေးမှာ ခဲပြာရောင်ပိုးသားညဝတ်အင်္ကျီလေးနဲ့
ကုတင်ပေါ်က နတ်သားလေးကတော့အိပ်လို့ကောင်းနေ
တုန်းပါပဲ ။

ပြတင်းပေါက်မှန်ကတဆင့် မျက်နှာပေါ်ကိုကျလာတဲ့
နေရောင်ခြည်ဖျော့ဖျော့လေးကြောင့် ဆောင်းမျက်မှောင်
တချက်ကျုံ့ပြီး အပျင်းကြောဆန့်မိတယ်။ ဟုတ်သားပဲ
ညကဖေဖေနဲ့စကားတွေပြောပြီး မိမိအခန်းထဲဝင်လာတော့
ပြတင်းမှန်ကတဆင့်မြင်နေရတဲ့ ထိန်ထိန်သာနေတဲ့လမင်း
ကြီးကိုကြည့်ပြီး ဘယ်လိုအိပ်ပျော်သွားမှန်းတောင်မသိဘူး။ ဖေဖေဆိုလို့ ဒီနေ့ဖေဖေအလုပ်ကိစ္စနဲ့မန္တလေးဘက်
ကိုသွားရမှာပဲ။ ဖေဖေမသွားခင်နှုတ်ဆက်ဖို့ဘာမှတောင်
မပြင်ဆင်ရသေးဘူး ။

အတွေးနဲ့အတူကုတင်ဘေးက စာကြည့်စားပွဲပေါ်မှာတင်
ထားတဲ့နာရီလေးကိုတချက်လှမ်းကြည့်လိုက်တယ်။မနက်
၇ နာရီထိုးပြီး ၄၅ မိနစ်ရှိပြီ ။ ဖေဖေက ၈နာရီသွားမှာ
ဆိုတော့ ဆောင်းကုတင်ပေါ်ကအမြန်ဆင်းပြီးဖေဖေ့ကို
နှုတ်ဆက်ဖို့ပြင်ဆင်တော့တယ်။

ရေမိုးချိုးပြီးအဝတ်အစားလဲပြီးတာနဲ့ အောက်ထပ်ကိုအမြန်ပြေးဆင်းလာမိတယ် ၊ ဧည့်ခန်းဘက်မှာရီမောနေတဲ့
ဖေဖေ့ရဲ့အသံကြားမှပဲစိတ်အေးရတော့တယ်။တော်သေး
တာပေါ့ ဖေဖေ့ကိုနှုတ်ဆက်ဖို့ဆာင်းမမှီတော့ဘူးထင်တာ၊

" ဟော ပြောရင်းဆိုရင်း သားဆောင်းလေးနိုးလာပြီ !"

" ဟုတ်ကဲ့ အန်တီ !'

" သားအိပ်ရာထနည်းနည်းနောက်ကျသွားတယ်ဖေဖေ
အစောကြီးထပြီးဖေဖေ့တွက်ပြင်ဆင်ပေးမယ်ဆိုမှ ဘယ်လိုအိပ်ပျော်သွားမှန်းကိုမသိဘူး !'

"မလိုပါဘူးငါ့သားရာ သားလည်းတနေကုန်အိမ်အလုပ်တွေကူပေးရတော့ပင်ပန်းမှာပေါ့ ဖေဖေကနားလည်ပါတယ်
ဖေဖေကအခုပဲ ရိုစီတို့ကိုမှာနေတာ သားဆောင်းက
အိမ်အလုပ်တွေအကုန်လုပ်တတ်တယ်ဆိုပေမယ့် ဖေဖေ့
သားကတယောက်ထဲအနေများတော့ လိုအပ်တာလေးတွေရှိရင်လုပ်ပေးကြဖို့ ၊ သားဆောင်းကလည်းရိုစီတို့ကို
တခုခုလိုအပ်တာရှိရင်အကူညီတောင်းလို့ရတယ်နော်
မိသားစုဝင်တွေဖြစ်နေကြပြီပဲ တယောက်လိုအပ်ချက်ကို
တယောက်ကဖေးမ,ကူညီပြီး အားလုံးအတူတူပျော်ပျော်
ရွှင်ရွှင်နေသွားကြတာပေါ့ ဟုတ်ပြီလားသားဆောင်း !"

မင်းစေညွှန်ရာTempat cerita menjadi hidup. Temukan sekarang