နက္ခက်စည်သူတစ်ယောက်ဒီနေ့ ဆောင်းကျောင်းပြန်တတ်ရတဲ့ ပထမဆုံးနေ့လေးဖြစ်တာမို့ ဆောင်းကိုကြိုဖို့တွက်
အလုပ်ကနေစောစောပြန်လာလိုက်ပြီး ကျောင်းကိုတခါတည်းဝင်လိုက်တယ် ။မြန်မာပြည်ပြန်ရောက်တုန်းကဆောင်းဆီကိုနှုတ်ဆက်ဖို့
သွားတုန်းက တစ်ခေါက်ပဲဆုံရသေးတာမို့ အခုအရမ်း
တွေ့ချင်နေတဲ့စိတ်ကဘယ်လိုမှတားမရခဲ့ဘူး ။Kannada မှာသွားနေတုန်းကလည်း ဆောင်းကို
တစ်ရက်မှမေ့လို့မရခဲ့သလို ဖေဖေ့ကိုပေးထားတဲ့ကတိအတိုင်းဟိုမှာဘွဲ့ရတဲ့အထိပညာကိုသင်ယူပြီးမှ ဒီကိုပြန်လာလို့
ရမယ်ပြောလို့ နာကျင်မှု့ဒဏ်ကိုဆောင်းရဲ့အကိုစိတ်ချပါ
ဆောင်းစောင့်နေပါ့မယ်ဆိုတဲ့စကားလေးတခွန်းနဲ့ဖြေသိပ်
နေခဲ့ရတယ်။ဆောင်းဘက်ကသူ့ကိုအကိုတစ်ယောက်လိုခင်တွယ်နေပေမယ့် မိမိဘက်ကညီအကိုသံယောဇဉ်ထက်ပိုနေတယ်ဆိုတာ ဟိုကိုမသွားခင်တည်းကသေချာနေခဲ့တယ်။ ဟိုမှာဘွဲ့ရပြီးပြီးချင်းချက်ချင်းပြန်ဖို့လုပ်တော့ အဖေကတောင်
ပြောနေသေးတယ် မင်းကလေးကထွက်မပြေးပါဘူးကွာတဲ့။ကိုယ်သူ့ကိုမြတ်နိုးတန်ဖိုးထားတာ ကိုယ့်မိဘတွေကအစသိတယ်၊ ဒါပေမယ့် ပညာမစုံသေးပဲနဲ့မင်းဆောင်းကိုကာကွယ်စောင့်ရှောက်လို့မရဘူးဆိုတဲ့အဖေ့ရဲ့တိုက်တွန်းချက်
ကြောင့် ဆောင်းနဲ့အဝေးကြီးမှာပညာစုံအောင်သင်ကြားခဲ့ရတယ်။ခုတော့မိမိဆန္ဒတွေအားလုံးပြည့်ဝပြီဖြစ်သလို ဆောင်းအနားကိုလည်းသေချာစောင့်ရှောက်ကာကွယ်နိုင်တဲ့လူတစ်ယောက်အဖြစ်ပြန်လည်ရောက်ရှိလာခဲ့ပြီ။ သိပ်မကြာခင်မှာ မိမိအချစ်ကိုဆောင်းကနားလည်လာပြီး လက်ခံပေးလိမ့်မယ်လို့ခိုင်မာတဲ့ယုံကြည်ချက်အပြည့်နဲ့ပေါ့။
အတွေးတွေနဲ့အတူ ဆောင်းတို့မေဂျာဘက်ကိုလှမ်းကြည့်
လိုက်တော့ ခေါင်းလေးငုံပြီး ခပ်ကုပ်ကုပ်လေးလျှောက်လာတဲ့ကိုယ့်ရဲ့အေးချမ်းရာလေး။ တကယ်ပါပဲသူ့ကို
တွေ့လိုက်ရရင် တကယ်အေးချမ်းပြီးစိတ်ထဲအလိုလိုပျော်
ရွှင်ကြည်နူးလာမိတယ်။ မင်းကကိုယ့်ရဲ့အေးချမ်းရာလေးပါဆောင်းရယ် ။ ခြေလှမ်းတို့ကို ဆောင်းရှိတဲ့အရပ်ဆီ
လှမ်းလာလိုက်ပြီး ခုချိန်ထိခေါင်းမော့မလာသေးတဲ့ အေးချမ်းရာလေးရဲ့ရှေ့မှာခြေစုံရပ်လိုက်တယ် ။ ပြီးတော့မြတ်နိုး
မှု့အပြည့်နဲ့သူ့ခေါင်းလေးကိုပုတ်ပေးပြီးငေးကြည့်နေလိုက်
တယ်။

KAMU SEDANG MEMBACA
မင်းစေညွှန်ရာ
Fantasi⚠️ ဒီ fic လေးက စာရေးသူရဲ့စိတ်ကူးသက်သက်သာဖြစ်ပါတယ် ✌️ ⚠️ 18+ ခန်းတွေပါမှာဖြစ်တာမို့ အသက်မပြည့်သေးရင်ဝင်မဖတ်ကြဖို့တောင်းဆိုပါတယ် 👌