" အင်း !"
ဆောင်းအပျင်းကြောလေးတချက်ဆန့်ပြီး အိပ်ယာကနိုး
လာခဲ့တယ် ။ဟင် ! ဟုတ်သားပဲ ဟိုလူရော ။ ကုတင်အောက်ဘက်ကို
အလန့်တကြားကြည့်မိတော့ဟိုလူကအောက်ဘက်မှာရှိ
မနေ ၊ ဒါဆိုနိုးနေပြီပေါ့။ ရေးချိုးခန်းဘက်ကအသံကြားနေ
ရတာမို့သူအစောကြီးနိုးနေတာသေချာပြီ ၊ ကုတင်ဘေးနားက စာကြည့်စားပွဲခုံပေါ်ကအသည်းပုံနာရီလေးကို
တချက်လှမ်းကြည့်လိုက်တော့ ၇ နာရီ ဆယ်မိနစ်။ ဒါခါတိုင်းဆောင်းအိပ်ယာနိုးတဲ့အချိန်ထက် ဆယ်မိနစ်သာနောက်ကျတာဖြစ်တယ်။" ချလပ် !"
ရေချိုးခန်းတံခါးပွင့်လာတာမို့ လှမ်းကြည့်မိတော့ဆောင်းကိုပြန်လည်စိုက်ကြည့်နေတဲ့သူ။ ညတုန်းကပုံစံအတိုင်းပဲ
သပက်ဖြူတစ်ထည်ကိုခါးအောက်ပိုင်းမှာပတ်ပြီးထွက်လာ
တာဖြစ်တယ်။" နိုးနေတာကြာပြီလားဆောင်း ကိုယ်ခဏရေဝင်ချိုးနေလိုက်တာ Morning "
" အင်း ခုမှနိုးတာပါ "
ဆောင်းသူ့ကိုပြောပြီး အိပ်ယာပေါ်ကဆင်းလိုက်တယ်၊ ရေပါတခါတည်းချိုးပြီး အောက်ထပ်ကိုဆင်းရမယ်၊ ဖေဖေက
ဒီနေ့ပြန်လာမယ်ပြောတယ်၊ ရောက်တောင်ရောက်နေပြီလားမသိဘူး ။" ဒီနေ့ဖေဖေပြန်လာမယ်ပြောတယ် "
" အင်း ကိုယ်သိတယ်လေ ဘာဖြစ်လို့လဲ "
" ဘာမှမဖြစ်ပါဘူး သိအောင်ကြိုပြောပြတာ ပြီးတော့ဒီနေ့
မိအေးအခန်းပြင်ပေးထားပြီးပြီးထင်တယ် မာန့်အထုတ်တွေမိအေးကိုပေးလိုက်အုံး တခါတည်းအခန်းထဲထည့်လို့ရအောင် "" ကိုယ့်ကိုဒီအခန်းထဲကအရမ်းထွက်သွားစေချင်လို့လား
ဘာဖြစ်လို့လဲ ဟင်!"မာန်ပြောပြီးခုချိန်ထိရေချိုးခန်းအဝမှာမက်တပ်ရပ်ပြီးမိမိကို
အခန်းပြင်နှင်ထုတ်ချင်သယောင်ရှိနေသူရဲ့အနားကိုကပ်လိုက်တယ်။" အဲ့သဘောမျိုးမဟုတ်တာသိရဲ့သားနဲ့ ဧည်သည့်ခန်းကို
ညတည်းကမိအေးကိုပြင်ခိုင်းပြီးသားလေ ခုချိန်သူတို့အဆင်သင့်ပြင်ထားပေးပြီးလောက်ပြီမို့ ပြောပြတာ "

STAI LEGGENDO
မင်းစေညွှန်ရာ
Fantasy⚠️ ဒီ fic လေးက စာရေးသူရဲ့စိတ်ကူးသက်သက်သာဖြစ်ပါတယ် ✌️ ⚠️ 18+ ခန်းတွေပါမှာဖြစ်တာမို့ အသက်မပြည့်သေးရင်ဝင်မဖတ်ကြဖို့တောင်းဆိုပါတယ် 👌