Part { 30 }

357 12 8
                                    


" ဒီနေ့ ပရောဂျက်အသစ် မိတ်ဆက်ပါမယ်ဆိုအိပ်ယာထ
နောက်ကျရတယ်လို့ တကယ်ပါပဲ မိအေးတို့ရွာခဏပြန်သွားပါတယ် အကျင့်တွေပျက်နေပါလားဆောင်းရေ !"

တီးတိုးညည်းတွားလိုက်ပြီး အလုပ်ကိစ္စတွက်ပြင်ဆင်စရာ
ရှိတာတွေကိုအမြန်ပြင်ဆင်နေမိတယ် ။

သူ့တွက် ဒီအခွင့်အရေးလေးကလက်လွှတ်ခံလို့မဖြစ်ဘူး
အရင်ကဘယ်အလုပ်ကိုလျှောက်လျှောက် ရှု့မငြီးတို့သားအမိရန်ကလွတ်တယ်ကိုမရှိ အမျိုးမျိုးနှောက်ယှက်
ခံရပြီး ပျက်သွားတာများပေမယ့် ဒီတစ်ခါအလုပ်ကတော့
ချောချောရှုရှုပဲ အခွင့်အရေးရလာခဲ့တယ် ။

သူ့အလုပ်လျှောက်လွှာမှန်သမျှကို ကုမ္မဏီအတော်များများ
ကပယ်ချရင်ပယ်ချ မဟုတ်ရင်အလုပ်ခန့်တယ်လို့အကြောင်းပြန်ပြီးမှ လူပြည့်သွားပါပြီဆိုပြီး ဖုန်းပြန်ဆက်တာကတမျိုးနဲ့ အမျိုးမျိုးအဖျက်ခံရတာများတယ် ။

ဒီတစ်ခါရော ဘယ်အချိန်ထိများသူ့ကိုပြန်ဆက်သွယ်လာပြီး သူ့ရဲ့ကြိုးစားမှု့တွေကိုရိုက်ချိုးအုံးမလဲလို့စောင့်နေခဲ့ပေ
မယ့် တစ်ညလုံးသာအချိန်တွေကုန်ဆုံးသွားတယ် အခုချိန်
ထိသူ့ဆီဆက်သွယ်တားဆီးတဲ့အရာရောက်မလာခဲ့ပါဘူး။

ဒါကိုသူ့တွက် ဘုရားပေးတဲ့နောက်ထပ်အခွင့်အရေးတစ်ခု
ပဲလား ။ သူ ရရာအလုပ်တွေလုပ်ပြီးအသက်မွေးလာခဲ့တာ
အတော်ကြာပြီ ။ အရင်ကရွှေပေါ်မြတင်နေခဲ့ရတဲ့ သခင်လေးဆောင်းက လမ်းဘေးမှာရရာအလုပ်မျိုးစုံကိုလုပ်ပြီး
ဘဝရပ်တည်နေရပါတယ်ဆိုရင်ယုံကြမလား ။

သူ့ဘဝကိုအမျိုးမျိုးကျွမ်းထိုးမှောက်ခုံဖြစ်အောင်လုပ်ခဲ့တဲ့
သားအမိကတော့ ခုချိန်ထိသူ့ရဲ့ချမ်းသာကြွယ်ဝမှု့တွေနဲ့
အရောင်တောက်နေတုန်းပဲ ။ သူကသာ ဒုက္ခတွေအမျိုးမျိုး
ရင်ဆိုင်ပြီး ဘဝကိုခက်ခက်ခဲခဲတည်ဆောက်နေရပေမယ့်
သူ့ရဲ့ပိုင်ဆိုင်မှု့တွေနဲ့တခြားသူတွေက အေးအေးလူလူနေ
နေကြတယ် ၊ ဒါသူအသုံးမကျလို့ပဲ ။

အခုတော့သူ့ဘဝတွက် အလင်းရောင်ကြိုးစလေးတစ်စ
ထွန်းတောက်လာခဲ့ပြီ ။ အခွင့်အရေးရလာခဲ့ပြီ ဒီအခွင့်အရေးလေးကဘယ်လောက်ကြာကြာဆုပ်ကိုင်ခွင့်ရမယ်ဆိုတာမသိပေမယ့် လက်ရှိအချိန်အထိ ဒေါ်ရိုစီတို့သားအမိရဲ့
နှောက်ယှက်မှု့မခံရသေးဘူးဆိုတော့ သူ့တွက်အင်အားဖြစ်စေတာတော့အမှန်ပါ ၊ ကျေးဇူးပြု၍ဒီအလုပ်လေးကိုအဆုံးအထိအေးဆေးလုပ်ကိုင်ခွင့်ရပါစေ ။

မင်းစေညွှန်ရာWhere stories live. Discover now