Part { 33 }

61 4 0
                                        

လေယာဉ်ပေါ်ကဆင်းဆင်းချင်း မြန်မာပြည်ရဲ့ လပ်ဆက်တဲ့လေကိုအပြည့်အဝရှုလိုက်တယ် ၊ အင်း သူဒီက
လေထုနဲ့အဆက်ပြတ်နေတာအတော်ကြာပြီပဲ။

ခေတ္တရပ်နေလိုက်ပြီး ဧည့်ကြိုတွေရှိနေမယ့်ဘက်ကိုလှမ်းလိုက်တယ် ၊ အဝေးထဲက ခုန်ဆွဆွလုပ်နေတဲ့ကာရံကိုကြည့်ပြီး သူ့နှုတ်ခမ်းတွေ ခပ်ရေးရေးပြုံးမိတယ်

ဒီနှစ်တွေအတွင်းမှာ ဒီကောင်အတော်လေးရင့်ကျက်လာပြီ
ထင်တာ ပိုတောင်ခလေးဆန်သွားသေးတယ် ။

" သားရီးးးးး 😭!!! "

အသံဗြဲကြီးနဲ့လူကို အပြေးလာဖက်ပြီး ငိုယိုနေတဲ့ကာရံကို
ကြည့်ပြီးခေါင်းသာ အသာခါမိတယ် ၊ ဒီကောင်ပိုလိုက်တာ

" ဟေ့ကောင်! ခဏလွှတ်ပါအုံးဟ "

" ငါ့သူငယ်ချင်းကြီး ပြန်လာတယ်ဆိုတာခုထိမယုံနိုင်သေး
ဘူး 😭  "

" လူတယောက်လုံးမင်းအရှေ့ရောက်နေလို့ မင်းတောင်ဖက်ပြီး ငိုပြီးပြီမှတ်လား ဒါတောင်မယုံသေးဘူးလား !"

" ဟင့် 😢 မင်းကပြန်လာပါဆိုတိုင်း အမြဲငြင်းနေပြီး အခုမှရုတ်တရက်ကြီး ထပြန်လာတာကိုးးး အဲ့တာမှန်းသိရင် အစတည်းက ဆောင်းနဲ့ဟိုလူကိုအမြန်ဖက်ခိုင်းပါတယ် "

" .............. "

ကာရံစကားကြောင့်မာန့်ရဲ့မျက်နှာက ပြုံးနေရာကနေချက်ချင်းတည်သွားတယ်၊ ဒါကိုရိပ်မိတဲ့ ကာရံကလည်းချက်
ချင်းစကားလမ်းကြောင်းလွှဲတယ်

" မင်းအခုဘယ်မှာတည်းမှာလဲ ဟိုတည်မှာလား ဒါမှမဟုတ်ငါ့အိမ်မှာတည်းမလား "

မာန်အသာလေးခေါင်းခါပြလိုက်ပြီး ကာရံကိုထားခဲ့ကာထွက်လာလိုက်တယ်၊ သူ့အတွက် အစစအရာရာပြည့်စုံပြီး
တည်းမယ့်နေရာဆိုတာ လက်ညိုးထိုးမလွဲရှိနေတယ်ဆိုပေမယ့် သူသွားမယ့်နေရာကတစ်ခုတည်းသာရှိတယ်။

" ဟ! ငါ့ကိုစောင့်ပါအုံး မင်းကလည်း "

" မတွေ့ရတာကြာတော့ မင်းကိုတည်ငြိမ်ပြီးရင့်ကျက်သွား
မယ်ထင်တာ အခုတော့အရင်ကထက်စကားပိုများလာတာပဲအဖက်တင်တယ်ကာရံ!"

" ဘာ! ငါကအကောင်းမေးနေတာကိုများ စကားများတယ်လေ ဘာလေးနဲ့မင်းကသာမြုံစိစိနဲ့ အရင်နဲ့ကိုမတူတော့တာ သိလား ဟွန်း!"

You've reached the end of published parts.

⏰ Last updated: Dec 14, 2025 ⏰

Add this story to your Library to get notified about new parts!

မင်းစေညွှန်ရာWhere stories live. Discover now