" မိအေး! ဆောင်းရော !?"" အကိုလေးဆောင်းက အခန်းထဲကခုချိန်ထိအပြင်ထွက်
မလာသေးဘူးအကိုလေးစည်သူ သူအတော်လေးစိတ်ထိ
ခိုက်နေတာ မိအေးလည်းဘာလုပ်ပေးရမှန်းမသိတော့ပါဘူး "" အင်း အကိုခဏသွားကြည့်လိုက်အုံးမယ် "
" ဟုတ် ဒါနဲ့အကိုလေး ဘဘကြီးရဲ့ရှေ့နေနဲ့အဆက်သွယ်
ရပြီလား "" အင်း သူခရီးလွန်နေတယ်တဲ့ "
" ဟင် ဒါဆိုမြန်မာပြည်မှာမရှိဘူးပေါ့ "
" ဟုတ်တယ် သူဂျပန်ဘက်ရောက်နေတယ်တဲ့ "
" ဟယ် အဲ့တာဆိုဘယ်လိုလုပ်ကြမလဲ ဟိုသားအမိက
အချိန်ကြာလေ အခွင့်အရေးရလေဖြစ်ကုန်တော့မှာပဲ "" မိအေးတောင်အတော်လေးနားလည်လာပြီ ဟုတ်တယ်
ကိုယ်လည်းအဲ့လိုတွေးမိတယ် အန်ကယ့်ရှေ့နေလည်းခရီး
ထွက်သွားတယ်ဆိုတာ ထင်သလောက်မရိုးရှင်းဘူး "" ဒါဆိုအကိုလေးပြောချင်တာက ဟိုသားအမိနဲ့ ရှေ့နေက
ပေါင်းကြံထားကြတာလား "" အတိအကျတော့ပြောလို့မရသေးပါဘူး ဒါပေမဲ့အဲ့လိုပုံစံ
ဖြစ်နေလို့ ကိုယ်လည်းအခက်တွေ့နေတာ စာရွက်စာတမ်း
ကအတုလုပ်ထားတယ်ဆိုပေမယ့် အန်ကယ့်ရှေ့နေကိုယ်
တိုင်ကသူတို့ဘက်ပါနေသလိုဖြစ်နေတော့ ...... "" ဒုက္ခပါပဲ အကိုလေးဆောင်းသာဒီအကြောင်းတွေသိရင်
ထပ်ပြီးသတိလစ်နေအုံးမယ် "" အင်း ကိုယ်တို့ဆောင်းကိုဒီအကြောင်းတွေပေးမသိရ
အောင် မိအေးကကူညီမယ်မလား "" ဟုတ် ရပါတယ် အကိုလေးဆောင်းစိတ်မညစ်စေချင်တာမို့ မိအေးတတ်နိုင်သလောက်တော့ကူညီပေးချင်ပါတယ် "
" အင်း ဒါဆိုအကိုခဏဆောင်းကိုသွားကြည့်လိုက်အုံးမယ် "
" ဟုတ်ကဲ့အကိုလေး "
နက္ခက်ဒီကိစ္စတွေစသိတည်းက အန်ကယ့်ရှေ့နေကိုဆက်
သွယ်ကြည့်ပေမယ့် သူ့ရဲ့အတွင်းရေးမှူးကတစ်ဆင့်ခရီးလွန်နေကြောင်းနဲ့ နောက်ထပ်မဆက်သွယ်ဖို့ပါစကားကို
သွယ်ဝိုက်ပြောခံရတာကြောင့်ပါ အန်ကယ့်ရှေ့နေက ဒေါ်
ရိုစီတို့နဲ့တစ်ဖွဲ့တည်းဆိုတာရိတ်မိခဲ့တယ် ။
YOU ARE READING
မင်းစေညွှန်ရာ
Fantasy⚠️ ဒီ fic လေးက စာရေးသူရဲ့စိတ်ကူးသက်သက်သာဖြစ်ပါတယ် ✌️ ⚠️ 18+ ခန်းတွေပါမှာဖြစ်တာမို့ အသက်မပြည့်သေးရင်ဝင်မဖတ်ကြဖို့တောင်းဆိုပါတယ် 👌