" မထင်ရဘူးဟယ် သူကဂေးပေါ့ဒါဆို! "" အေးဟယ် ငါဖြင့်ယုံတောင်မယုံနိုင်ဘူး !"
" ယောကျာင်္းချင်းကိုကွာ ရွံစရာကြီးတွေပါ "
" ကျောင်းမှာဒီလိုကောင်မျိုးရှိတာ ကျောင်းသိက္ခာအတော်
ကျတယ်ကွ "" အေးကွာ တော်သေးတာပေါ့ ငါတို့မေဂျာကမဟုတ်လို့
တော်ကြာငါတို့ပါအရှက်ကွဲမှာ "" ရှက်စရာကြီးပါဟယ်! "
" အစထဲကသူ့ပုံစံက ခပ်အေးအေးနဲ့ဆိုတော့ထင်တော့ထင်မိသား "
" နေပါဟယ် တမင်လုပ်ယူထားတာပဲနေမှာ သူဂေးနေတာကိုလူတွေမရိပ်မိအောင်လို့ "
" ရင်ထဲမှာကြိတ်ခြောက်နေတာလေး လူမိမှာဆိုးလို့ထင်
တယ် ခစ်ခစ် "" ဟားးးးးး "
ဆောင်း ကျောင်းဝန်းကြီးထဲခြေချလိုက်တယ်ဆိုရင်ပဲ
လူတိုင်းကတီးတိုး တီးတိုးပြောနေတဲ့အသံကိုကြားရပေ
မယ့် ဘယ်အကြောင်းအရာကိုပြောနေမှန်းမသိတာကြောင့် မိမိတို့အတန်းရှိရာဆီကိုသာ ပုံမှန်အတိုင်းလျှောက်လာ
လိုက်တယ်။ ဒါပေမယ့် သူတို့ဘာအကြောင်းပြောနေတယ်
ဆိုတာကအကြောင်းတော့မဟုတ်ပေမယ့် ဆောင်းကိုမထီ
မဲ့မြင်ပုံစံမျိုးတွေလုပ်ပြပြီး တီးတိုးပြောနေတာကတော့
အတော်လေးစိတ်ပျက်စရာကောင်းနေခဲ့တယ်။မာန်ဒီနေ့ကျောင်းကိုလာရတာစိတ်ထဲအတော်လေးလံနေမိတယ်။ ဘာကိစ္စမှလွန်လွန်ကြူးကြူးမလုပ်ထားမိပေမယ့်
မနေ့ညကဆောင်းနဲ့ပြဿနာဖြစ်ခဲ့ကြတာကိုပြန်တွေးမိပြီး
ဒီနေ့စိတ်အခြေနေမကောင်းတာက ညတုန်းကကိစ္စနဲ့
နည်းနည်းဆက်နေမယ်လို့တော့ထင်တယ်။" ဟေ့ကောင်မာန် !! "
" ဘာလဲကာရံရာ မင်းကလည်းအလန့်တကြားနဲ့ "
" မင်း! မင်းတကယ်ကြီးမသိသေးဘူးလား! "
" ငါကဘာကိုသိရမှာလဲကာရံရာ မင်းအခုဘာဖြစ်နေတာလဲ ငါစိတ်ကြည်နေတာမဟုတ်ဘူးနော်ဟျောင့် လာစား
မနေနဲ့ "" ဟာကွာ ချီးပဲ ဒီမှာကြည့်လိုက်မာန် မင်းဒါကိုမြင်ရင်
ဒီထက်စိတ်မရှုပ်မိစေဖို့ ငါဆုတောင်းတယ် "

ŞİMDİ OKUDUĞUN
မင်းစေညွှန်ရာ
Fantastik⚠️ ဒီ fic လေးက စာရေးသူရဲ့စိတ်ကူးသက်သက်သာဖြစ်ပါတယ် ✌️ ⚠️ 18+ ခန်းတွေပါမှာဖြစ်တာမို့ အသက်မပြည့်သေးရင်ဝင်မဖတ်ကြဖို့တောင်းဆိုပါတယ် 👌