မာန် ပစ္စည်းပုံးတွေသယ်နေရင်း တယောက်ယောက်က
မိမိကိုချောင်းကြည့်နေသလိုခံစားလာရသည်မို့ ဘေးဘက်
နေရာအနှံ့လိုက်ကြည့်သော်လည်း မည်သည့်အရာမှမတွေ့ရ ။ စိတ်ထင်လို့ပဲနေမှာပါလို့တွေးရင်း လုပ်လက်စ
အလုပ်ကိုပဲအာရုံပြန်စိုက်နေလိုက်တော့တယ် ။ဆောင်းသူ့ကိုခိုးကြည့်နေရင်းကနေ သူကလုပ်လက်စ
အလုပ်ကိုရပ်ပြီး ဘေးဘယ်ညာအနှံ့လိုက်ကြည့်နေသည်
မို့ သစ်ပင် ပင်စည်ကိုအကာကွယ်အမြန်ယူလိုက်ပြီးပုန်း
နေမိတယ်။ ဟူးးးး မင်းတော့မိတော့မှာပဲဆောင်းရေ ။သူလည်းဘာမှမတွေ့ရလို့ထင်တယ် သူ့အလုပ်ကိုပဲ
အာရုံပြန်စိုက်ပြီးလုပ်တော့မှ ဆောင်းလည်းဆိုင်ရှေ့နား
ကကားလမ်းရှိရာဆီကို လှမ်းလာလိုက်တော့တယ်။အကို့ရဲ့ကားအလာကိုရပ်စောင့်နေတုန်း ~~~
" ဟိတ် !"
" အမေ့ !!"
" အရမ်းလန့်သွားလားဆောင်း sorry sorry "
" ခင်ဗျားလုပ်လိုက်ရင်အမြဲအဲ့လိုချည်းပဲ !"
" ဒါနဲ့ ဆောင်းကဒီကိုဘာလာလုပ်တာလဲ ကိုယ့်နောက်က
နောက်ယောင်ခံလိုက်လာတာတော့မဟုတ်ပါဘူးနော် "" ဘယ် ဘယ်သူကခင်ဗျားနောက်ကိုလိုက်နေမှာလဲ "
" အော်..... မသိပါဘူး ကိုယ်ကဆောင်းကိုရုတ်တရက်
တွေ့လိုက်ရတာဆိုတော့ ကိုယ့်ဆီကိုများလိုက်လာတာ
လားလို့လေ "" မဟုတ်ပါဘူးနော် အဲ့လိုမျိုးလုံးဝမဟုတ်ဘူး!! "
" ဟုတ်ပါပြီ ဘယ်သူကအရမ်းဝန်ခံခိုင်းနေလို့ အတင်းကြီး
ငြင်းနေတာလဲ "" ဘယ်မှာငြင်းနေလို့လဲ ဒီ ဒီတိုင်းပြောပြတာ "
" ဟက် ! ဟုတ်ပါပြီ ဒါနဲ့ဆောင်းကဒီကိုဘာလာလုပ်တာလဲ "
" ဟို ! အဲ့တာက ဒီကို ဒီကိုမုန့်လာစားတာ ဟုတ်တယ်
မုန့်လာစားတာ !"" ဘယ်လို ဒီအချိန်ကြီးလှည်းတန်းဘက်ကိုမုန့်လာဝယ်
စားတာ ဆောင်းလိုလူကလေ "" ဒီအချိန်ကြီးစားတော့ဘာဖြစ်လို့လဲ! ဘယ်သူမဆိုဒီမှာ
လာစားခွင့်ရှိတာပဲ ဘာဖြစ်လို့လဲ !!"

أنت تقرأ
မင်းစေညွှန်ရာ
خيال (فانتازيا)⚠️ ဒီ fic လေးက စာရေးသူရဲ့စိတ်ကူးသက်သက်သာဖြစ်ပါတယ် ✌️ ⚠️ 18+ ခန်းတွေပါမှာဖြစ်တာမို့ အသက်မပြည့်သေးရင်ဝင်မဖတ်ကြဖို့တောင်းဆိုပါတယ် 👌