ခြံဝက တံခါးအပြင်ဘက်ကို ဆောင်းလှမ်းကြည့်လိုက်တော့ဟိုလူနဲ့သူ့သူငယ်ချင်းတို့ရပ်စောင့်နေကြတာတွေ့တယ်။ ကိုပေါကခြံတခါးနားမှာရပ်နေပြီး ခေါင်းတွေပါ
ကုပ်နေတာကို ကြည့်ရတာဟိုလူ ကိုပေါကိုအကျပ်ကိုင်ပြီးတံခါးဖွင့်ခိုင်းနေပုံပဲ။ ဆောင်းခပ်မြန်မြန်ပဲခြံဝကိုထွက်လာ
လိုက်တယ်။" ခင်ဗျားဒီကိုဘာလာလုပ်တာလဲ !?"
" ကိုယ်ဒီအိမ်မှာနေမလို့ ရှု့မငြီးတို့လိုမျိုးလေ သိတယ်မလား ?"
" ဟင် !"
သူကဒီမှာနေမလို့ဆိုတော့ ဆောင်းကိုမိသားစုလိုက်ဒီထက်ပိုပြီးစိတ်ဒုက္ခပေးကြတော့မှာပေါ့ ။
" သြော် ဟိုမှာကိုယ့်ကိုထွက်ကြိုနေကြတာထင်တယ်
တံခါးဖွင့်ပေးအုံးလေဆောင်း "သူပြောလို့ဆောင်းရဲ့ကျောနောက်ဘက်ကိုပြန်လှည့်ကြည့်
မိတော့ အိမ်ပေါက်ဝမှာထွက်ကြည့်နေတဲ့ဟိုသားအမိ။" ကိုပေါ တံခါးဖွင့်ပေးလိုက်ပါ "
" ဟုတ်ကဲ့အကိုလေး "
ကိုပေါတံခါးဖွင့်ပေးတော့ ဟိုလူပဲအထဲကိုဝင်လာတယ်
စတွေ့တည်းကငြိမ်ပြီးနားထောင်နေတဲ့ သူ့သူငယ်ချင်း
ဖြစ်သူကအခုချိန်ထိအသံတိတ်နေတုန်းပါပဲ ။
ကြည့်ရတာဆောင်းကိုအားနာနေတဲ့ပုံစံမျိုး။" ကဲ ကာရံမင်းရောအိမ်ထဲဝင်အုံးမလား "
" ဟင့်အင်း ငါမဝင်တော့ဘူးမာန် မနက်ကျမှမင်းကိုလာခေါ်တော့မယ်၊ ခုငါသွားပြီနော် ဒီကဆောင်းကိုလည်းအလုပ်
ရှုပ်စေမိလို့အားနာပါတယ်။ ကျွန်တော့်ကောင်ကြီးကအဲ့လိုပဲ သူခုသွားမယ်ဆိုလို့ချက်ချင်းလိုက်ပို့ပေးရတာ ဆောင်း
အဆင်ပြေရဲ့လား !?"" အင်း ရပါတယ် ဆောင်းကပြောပိုင်ခွင့်မရှိပါဘူး "
" ဟုတ် ဒါဆိုကျွန်တော်သွားလိုက်ပါအုံးမယ် ဟေ့ကောင်
မာန် မနက်မှငါဖုန်းဆက်လိုက်မယ် "" အင်း "
ဆောင်းဘာမှထပ်မပြောချင်တော့လို့ အိမ်ဘက်ကိုပြန်
လှည့်ထွက်လာတော့ နောက်ကသူပါလိုက်လာတာကို
သတိထားမိတယ် ။

ВЫ ЧИТАЕТЕ
မင်းစေညွှန်ရာ
Фэнтези⚠️ ဒီ fic လေးက စာရေးသူရဲ့စိတ်ကူးသက်သက်သာဖြစ်ပါတယ် ✌️ ⚠️ 18+ ခန်းတွေပါမှာဖြစ်တာမို့ အသက်မပြည့်သေးရင်ဝင်မဖတ်ကြဖို့တောင်းဆိုပါတယ် 👌