Part { 2 }

1K 21 0
                                    


" ဟော ပြောရင်းဆိုရင်းရိုစီတို့သားအမိတွေရောက်လာပြီ"

" ရိုစီတို့နည်းနည်းနောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်နော်အကိုကြီး! "

"ဟာ မဟုတ်တာရပါတယ်ရိုစီရယ် မိသားစုတွေဖြစ်နေပြီပဲ
တောင်းပန်ဖို့ အားနာဖို့မလိုပါဘူး !"

" ဟုတ်ကဲ့ ဒါနဲ့ ဒီကလေးကအကိုကြီးပြောပြောနေတဲ့
အကိုကြီးရဲ့အသည်းအသက်လေးထင်ပါ့ ဟင်း ဟင်း "

"ဟုတ်တယ်ရိုစီ ဒါကကိုယ့်ရဲ့အချစ်တွေအကုန်ပုံပေးထား
တဲ့သားငယ်လေး နာမည်က ဆောင်းဦးလေညှင်း တဲ့ !"

"ဟယ် နာမည်လေးကလှလိုက်တာ လူလေးကလည်း
ကြည့်ပါအုံးမေမေရယ်ဖြူဖွေးဥပြီးအတော်လေးချောသား"

"ဟုတ်ပါရဲ့သမီးရယ် အော်အကိုကြီးဒါကရိုစီပြောပြောနေတဲ့ရိုစီရဲ့ပထမအိမ်ထောင်နဲ့ရခဲ့တဲ့သမီးလေ နာမည်က
ရူ့မငြီးမောင်တဲ့ !"

"အော် ဟုတ်လား သမီးလေးကအချောလေးပဲ အမေတူ
လေးထင်တယ်နော် ဟား ဟား! "

"အကိုကြီးကလည်း ခလေးတွေရှေ့ကြီးမှာ~~~ "

"အော် ဒါနဲ့ရိုစီပြောပြထားတဲ့အထဲမှာသားတယောက်
သမီးတယောက်ဆို အခုသားကဘယ်မှာလဲ တခါတည်း
လိုက်မလာဘူးလား !"

" အော် အဟင်း ဟင်း ဟုတ်တယ်အကိုကြီးရေ အဲ့ကောင်
လေးကနည်းနည်းဆိုးတယ် ရိုစီကတခါတည်းလိုက်ခဲ့ဖို့ခေါ်
တာကိုသူက သူ့အလုပ်တွေရှိလို့မလိုက်နိုင်သေးဘူးတဲ့
အကိုကြီးရယ် အလကားပါတစ်ပဲခြောက်ပြားရတဲ့အလုပ်
တွေကိုသူမို့မက်မောနေတယ် !"

" အဲ့လိုလဲဘယ်ဟုတ်ပါ့မလဲရိုစီရယ် သားလေးကအခုလို
ရတဲ့အလုပ်ကိုလုပ်ပြီး အတွေ့ကြုံသစ်တွေသင်ယူနေတာ
နေမှာပါ ပြီးတော့အခုလိုအလုပ်ကြိုးစားပုံမျိုးဆိုနောင်တချိန်အကို့ကိုတောင်ကျော်တတ်သွားလောက်တယ် !"

" အင်းပါရိုစီကအဖြစ်ပြောပြတာပါ အကိုကြီးသဘောကျ
တယ်ဆိုရင်ပြီးတာပါပဲ အဲ့ကလေးကရိုစီ့စကားဆိုသိပ်နား
မထောင်လို့ ဘာမှထွေထွေထူးထူးကြီးမပြောချင်ဘူး "

" အော် ဒါနဲ့ သားငယ်လေးနာမည်ကဆောင်းဦးလေညှင်း
နော် !"

" ဟုတ် ဟုတ်ပါတယ် အန် အန်တီ !"

မင်းစေညွှန်ရာWhere stories live. Discover now