Part { 23 }

529 16 0
                                    


ဒီနေ့အဖေရဲ့ ရက်လည်နေ့တောင်ရောက်လာခဲ့ပြီ ။
လာသမျှဧည့်သည်တွေကို အတတ်နိုင်ဆုံးဟန်ဆောင်
အပြုံးလေးတွေနဲ့ဧည်ခံပြုံးပြနေရတာ ဆောင်းအတွက်
တကယ်ခက်ခဲပါတယ် ။

အဖေရဲ့အိမ်သူသက်ထားအသစ်လေးကတော့လား ဟက်
အဖေဆုံးသွားတဲ့နေ့ထဲက ဖဲဝိုင်းထောင်ပြီး ရက်လည်တဲ့
နေ့အထိ အဲ့နေရာကဖင်တစက်တောင်မကြွလာခဲ့ဘူး ။

ဒီအရှုပ်ထုတ်တွေကိုလည်း ဆောင်းဒီထက်ပိုပြီးမပက်သက်ချင်တော့ပါဘူး ။ အဖေရှိတုန်းက ဘာဖြစ်ဖြစ်အဖေ့ရဲ့
မျက်နှာနဲ့အတတ်နိုင်ဆုံးသီးခံခွင့်လွတ်ခဲ့ပေမယ့် အခု
ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုချပြီး သူတို့နဲ့ဆွေးနွေးဖို့လိုပြီ ။

" ဆောင်း အဆင်ပြေရဲ့လား ခဏလောက်သွားနားပါလား
ဆောင်းရယ် မင်းကိုကြည့်ရတာအကိုစိတ်ပင်ပန်းလွန်းလို့ပါ "

" ရပါတယ်အကိုရဲ့ သိပ်မပင်ပန်းပါဘူး ခဏလောက်ဒီတိုင်းလေးပဲထိုင်နေချင်လို့ "

" အင်းပါ စိတ်အားငယ်တာမျိုးမတွေးနဲ့နော် ဆောင်းအနား
မှာကိုယ်ရော ကိုပေါတို့လင်မယားပါအမြဲရှိနေမှာ အန်ကယ်မရှိတော့ဘူးဆိုပေမယ့် ဆောင်းတွက်ဆိုကိုယ်ကအမြဲ
အသင့်ရှိနေတယ်ဆိုတာ မေ့မထားနဲ့အုံး "

" ကျေးဇူးပါအကို "

" ဟဲ့ ဒီမှာကြည့်စမ်း ကွင်းဟဲ့ ကွင်း နင်ကများငါ့ကိုစားချင်
နေသေးတယ် ဟားးးးး!!!"

တဖက်ဖဲဝိုင်းမှဒေါ်ရိုစီရဲ့အသံကျယ်ကျယ်ဖြစ်သည် ။
လင်ယောကျာင်္းဖြစ်သူဆုံးသွားလို့ ပူဆွေးသောကရောက်
နေတဲ့ဇနီးဘယ်မလဲလို့မေးရင် ဖဲဝိုင်းရဲ့ထိပ်ဆုံးထက်မှာ
နေ့ရောညပါ ဝိုင်ပုလင်းမျိုးစုံရဲ့ အရသာကိုမြည်းစမ်းလို့
အားသက်သရောဆော့ကစားနေတဲ့ သူမကိုလက်ညိုးထိုး
ပြရမှာတော့ ခပ်ရှက်ရှက် ။

အဖေ့ရဲ့ကုမ္မဏီအသိုင်းဝိုင်းတွေထဲက သတင်းမေး ရက်
လည်လာကြတဲ့ လူကြီးလူကောင်းတွေကို ဆောင်းက
အဆင်ပြေအောင်ကြည့်ကျက်ပြောနေပေမယ့် သူမတို့
ဖဲဝိုင်းက တချက်တချက်ထွက်လာတဲ့ အော်ရယ်သံတွေက
မြင်ရတွေ့ရကြားရသမျှသူတိုင်း နှာခေါင်းတရှုံရှုံနဲ့သာ ။

မင်းစေညွှန်ရာМесто, где живут истории. Откройте их для себя