Part { 24 }

478 16 0
                                    

" အကိုလေးသတိမရသေးဘူးလားမိအေး "

" ဟုတ်တယ် ဟင့် အကိုလေးကိုသနားလွန်းလို့ဘယ်လို
လုပ်ပေးရမှန်းမသိတော့ပါဘူးတော် !!"

" အင်းးးး ငါတို့ဘာတတ်နိုင်မှာလည်းမိအေးရယ် ဒါကမိသားစုအရေးဆိုတော့လည်း ဒီတိုင်းအကိုလေးသတိရ
လာမှတခုခုအကြံညာဏ်ဝိုင်းပေးကြတာပေါ့ "

" မိအေး အကိုလေးစည်သူကိုတော့အားလုံးပြောပြထားတယ် ။ သူကအဲ့လိုလုပ်လို့မရဘူးလို့ပြောတယ် ပြီးတော့ဘဘကြီးရဲ့ရှေ့နေကိုလည်းဆက်သွယ်ပေးမယ်လို့ပြောတယ် "

" အင်း အဲ့လိုဆိုတော်သေးတာပေါ့ ဘာပဲဖြစ်ဖြစ်အကိုလေးစည်သူရှိနေတာ ငါတို့အတွက်တော့အင်အားတခုပဲ "

" ဟုတ်ပါ့တော်ရေ ဟိုသားအမိကတော့ ဒီအိမ်ရဲ့အရှင်သခင်တွေဖြစ်ပြီဆိုပြီး အောင်ပွဲခံနေကြတယ်ထင်တယ် ခုပဲ
ရှင်မြင်တယ်မလား သူတို့အပေါင်းအသင်းတွေနဲ့ပျော်ပါးပြီး
ထွက်သွားကြတာလေ "

" ကြောင်ကြာကြာရေမငုတ်နိုင်ပါဘူးမိအေးရာ အကိုလေး
စည်သူကဒီကိစ္စကိုကောင်းကောင်းကိုင်တွယ်နိုင်မယ်လို့
ငါယုံကြည်တယ် "

" အင်းး အကိုလေးအရမ်းသနားဖို့ကောင်းတာပဲ ဘဘကြီး
ဆုံးတာမှမကြာသေးဘူး အခုသူ့ပိုင်ဆိုင်မှု့တွေပါဆုံးရှုံးရမှာ
ဆိုရင် မိအေးအကိုလေးကို သနားလွန်းလို့ ဘာလုပ်ပေးရမှန်းတောင်မသိတော့ပါဘူး အကိုလေးစည်သူကအရာရာအားလုံးဖြေရှင်းပေးမယ်ဆိုပေမယ့် ဟိုသားအမိကို မိအေး
တော့မယုံဘူး သူတို့မှာယုတ်မာတဲ့အကြံစည်တွေဒီထက်
ပိုပြီး ရှိချင်ရှိနေအုံးမှာ "

" အင်း ငါလည်းအဲ့တာတော့တွေးမိတယ် ဘာဖြစ်ဖြစ်သူတော်ကောင်းကို နတ်ကောင်းနတ်မြတ်တွေကစောင့်ရှောက်
ကြမှာပါ ငါတို့အကိုလေးသတိရလာရင်သာ ဒီထက်ပိုပြီး
ဂရုစိုက်ပေးကြရအောင် ဟုတ်ပြီလား "

" အင်းပါ မိအေးကအကိုလေးကို ကိုယ့်အကိုလို မိသားစု
လို အရင်ကထက်ပိုပြီးတော့ဂရုစိုက်ပေးအုံးမှာ "

" ကောင်းပါပြီဗျာ ကဲ ဒါဆိုငါလည်းအလုပ်သွားလုပ်အုံးမယ် အကိုလေးသတိရလာရင် ငါ့ကိုခေါ်လိုက်ဟုတ်ပြီလား "

မင်းစေညွှန်ရာTempat cerita menjadi hidup. Temukan sekarang