မနက်ခင်း နေရောင်ခြည်နွေးနွေးလေးက ဆောင်းရဲ့မျက်နှာပေါ်ကိုခပ်ရေးရေးလေး သက်ဆင်းလို့လာတယ် ။
အနောက်ဘက်က ခပ်တင်းတင်းဖက်ထားလို့ အသက်ရူရ
ခက်လာသည်ကို သတိထားမိသည်မို့ အပျင်းကျောတောင်
မဆန့်နိုင်ပဲ မျက်လုံးအစုံဖွင့်ကြည့်မိလိုက်တယ် ။" ဟင် !"
သူအခုဘယ်နေရာကိုရောက်နေတာလဲ ။
အခန်းအပြင်အဆင်ကသူအကြိုက်ဆုံးအရောင်လေးတွေ
ဆိုပေမယ့် ဒါကသူ့အခန်းမဟုတ်ဘူး ၊ ပြီးတော့လည်တိုင်နောက်နားဘက်က ခပ်ဖျင်းဖျင်းအသံရူသံတိုးတိုး ။သူအခုဘာတွေဘယ်လိုဖြစ်ကုန်မှန်းသေချာမတွေးနိုင်သေးပေ ။ ခပ်ဖြေးဖြေးချင်းမိမိကို အတင်းဖက်တွယ်ထားတဲ့
လက်ပိုင်ရှင်ကို လှည့်ကြည့်မိတော့ မာန် ~~ ။သူအခုမာန်နဲ့အိပ်ယာတစ်ခုထဲမှာ အတူတူအိပ်နေတယ်
ဒါဆို ညကဘာတွေဖြစ်ကုန်တာလဲ ? သူနဲ့မာန်လင်မယား
အရာမြောက်ခဲ့ကြတာလား ? ရက်စက်လိုက်တာ ဟင့်
လုပ်ရက်လိုက်တာ သူအပေါ်ဒီလိုလုပ်လိမ့်မယ်လို့ထင်မထားခဲ့ဘူး ။စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ ဝမ်းနည်းစိတ်နာကျည်းစိတ်တွေနဲ့
မာန့်ကိုမျက်ရည်တွေပြည့်နှက်နေတဲ့ မျက်ဝန်းတွေနဲ့ကြည့်နေမိတယ် ။ ပေါင်တံကိုအနည်းငယ်လှုပ်ရှားမိတော့
စပ်ဖျင်းဖျင်းနဲ့မို့ လူကပိုလို့တောင်ဝမ်းနည်းစိတ်ကကြီးစိုး
လာမိတယ် ။မာန်အိပ်မောကျနေတုန်း ရင်ခွင်ထဲကအနွေးဓာတ်လေးဆီမှခပ်တိုးတိုးညည်းငြူသံနဲ့အတူ လူးလွန့်နေတဲ့ခန္ဓာကိုယ်
လေးကြောင့် မျက်လုံးဖွင့်ကြည့်မိတော့ မိမိကိုနာနာကျည်း
ကျည်းနဲ့ကြည့်နေတဲ့ မျက်ဝန်းတွေနဲ့ဆုံတယ် ။ ဟင့် အင်း
မင်းထင်သလိုမဟုတ်ဘူး ဆောင်း ။ရင်ခွင်ထဲကကောင်လေးက အတင်းကုန်းထပြီးကုတင်ပေါ်ကဆင်းဖို့ပြင်နေသည်မို့ သူ့ရဲ့လက်ကောက်ဝတ်လေးကို
အမြန်လှမ်းဆွဲမိလိုက်တယ် ။" ဆောင်း ~ ကိုယ် !"
" ဖြန်း !!"
အရှိန်ခပ်ပြင်းပြင်းနဲ့ရိုက်ချလိုက်တဲ့လက်ဝါးချက် ၊ ဒါက
မာန့်ရဲ့ပါးပြင်ပေါ်ကိုနာကျင်စေတာမဟုတ်ဘူး ၊ မာန့်ရဲ့
နှလုံးသားကိုတိုက်ရိုက်နာကျင်စေတာဖြစ်တယ် ။
YOU ARE READING
မင်းစေညွှန်ရာ
Fantasy⚠️ ဒီ fic လေးက စာရေးသူရဲ့စိတ်ကူးသက်သက်သာဖြစ်ပါတယ် ✌️ ⚠️ 18+ ခန်းတွေပါမှာဖြစ်တာမို့ အသက်မပြည့်သေးရင်ဝင်မဖတ်ကြဖို့တောင်းဆိုပါတယ် 👌