" ခင်ဗျားကျွန်တော့်ကိုဘာတွေလုပ်နေတာလဲ !"
" ကိုယ်...... !"
" ခင်ဗျားအတော်ရွံဖို့ကောင်းတဲ့သူပဲ! "
" မဟုတ်ဘူးဆောင်း! ကိုယ်က ....."
" တော်ပါတော့ ကျွန်တော့အပေါ်ကအခုချက်ချင်းဖယ်ပေး
ကျွန်တော်ခင်ဗျားနဲ့ဘာမှမပြောချင်တော့ဘူး! "" ခဏလေးပါ ဆောင်းရယ် ကိုယ်ရှင်းပြတာခဏလေး
နားထောင်ပေးပါနော် "" ခင်ဗျားကိုလွှတ်လို့ ပြောနေတယ်နော် !"
" ကောင်းပြီ ကိုယ်အခုလွှတ်ပေးလိုက်ပြီ ဒါပေမယ့်ကိုယ့်ကိုခဏလောက်တော့ ရှင်းပြခွင့်ပေးပါနော် "
မာန်သူ့ကိုယ်ပေါ်ကဖယ်ပေးလိုက်ပြီး ကုတင်စွန်းမှာထိုင်
နေလိုက်တယ်။ သူကတော့တွန့်ကြေသွားတဲ့အင်္ကျီတွေကို
သေချာပြန်ဖြန့်ရင်း မာန့်လက်ချက်ကြောင့်ပြုတ်ထွက်သွား
တဲ့ကြယ်သီးတွေကိုပြန်တပ်ရင်း မာန့်ကိုရွံစရာသတ္တဝါ
တကောင်လိုမျက်လုံးစိမ်းတွေနဲ့ကြည့်နေလေရဲ့။မင်းကိုချစ်မိသွားလို့ ထိတွေ့ချင်နေမိတာမှန်ပေမယ့်
မင်းရွံမုန်းသွားတဲ့အထိတော့ကိုယ်ယုတ်မာမယ့်အကောင်
မဟုတ်ပါဘူးဆောင်းရယ်။ ဒီတိုင်းလေးအမြတ်တနိုးနဲ့
နမ်းချင်မိယုံကနေ မင်းကိုထိတွေ့လိုက်တိုင်းအတောမသတ်နိုင်တဲ့ကိုယ့်ရဲ့စိတ်တွေကိုလည်း ကိုယ်တားဆီးလို့မရခဲ့
ဘူး။ ဒါကကိုယ့်အပြစ်တော့မဟုတ်ဘူးဆောင်း မင်းက
ထိန်းချုပ်နိုင်စွမ်းကင်းမဲ့စေတဲ့အထိပြုစားရက်နိုင်လွန်းလို့
ကိုယ်အခုလို အသိစိတ်ကင်းမဲ့စေတာ ။ဆောင်းတယောက်ဒီနေ့မှအိပ်မရလို့ စာထိုင်ဖတ်နေတုန်း
အိမ်ရှေ့ကခြံတခါးဖွင့်သံကြားလို့ လိုက်ကာအနောက်က
ခြံထဲကိုချောင်းကြည့်မိတော့ ကိုပေါတံခါးသွားဖွင့်ပေးနေတဲ့ဟိုလူ။ ပြီးတော့တီးတိုးပြောပြီးအိမ်ထဲလှမ်းဝင်လာသည်
ဘာမှထွေထွေထူးထူးမဟုတ်တာမို့ မိမိအိပ်ယာထက်ကို
သာပြန်လှမ်းလာလိုက်မိတယ် ။ ကုတင်ဘေးကနာရီကို
တချက်လှမ်းကြည့်လိုက်တော့ ည ၁ နာရီကျော်နေပြီမို့
မိမိလည်းဖတ်လက်စ စာအုပ်ကိုသိမ်းပြီးအိပ်ဖို့လုပ်တော့တယ်။
YOU ARE READING
မင်းစေညွှန်ရာ
Fantasy⚠️ ဒီ fic လေးက စာရေးသူရဲ့စိတ်ကူးသက်သက်သာဖြစ်ပါတယ် ✌️ ⚠️ 18+ ခန်းတွေပါမှာဖြစ်တာမို့ အသက်မပြည့်သေးရင်ဝင်မဖတ်ကြဖို့တောင်းဆိုပါတယ် 👌