" တီ ! တီတီ !! "ဆောင်းအတွေးတွေထဲနစ်မြောနေတုန်း အကို့ရဲ့ကားဟွန်းတီးသံတွေကြားလိုက်မှပဲ အသိပြန်ဝင်လာတော့တယ် ။
ကားဟွန်းသံကြားလို့ ခြံထဲမှာပန်းပင်တွေ ပေါင်းသင်နေတဲ့
ကိုပေါကအပြေးလေးလာဖွင့်ပေးတယ်။ အင်း ဒီနေ့အိမ်ပြန်စောသွားခဲ့တာပဲ။" လာပြီ လာပြီ !"
" ဝူးးးး !" ( ကားမောင်းတဲ့အသံပါ 😅 )
" ကဲ ရောက်ပြီဆောင်း ဖြေးဖြေးဆင်းအုံး "
" ဟုတ် "
" အကိုလေးတို့ ဒီနေ့ပြန်လာတာစောတယ်နော် "
" အင်း ဟုတ်တယ်ကိုပေါ ဆောင်းနေသိပ်မကောင်းလို့
အကိုသွားကြိုလာတာ "" ဟုတ်လား အကိုလေးဆောင်းတော့ရေချိုးကြာပြန်ပြီ
ထင်တယ် ဟုတ်တယ်မလားအကိုလေး "" မဟုတ်ပါဘူး ကိုပေါရယ် ဆောင်းနားချင်လာလို့ ဝင်တော့မယ်နော် "
" ဟုတ် ဟုတ်အကိုလေး ကျွန်တော်ခြံထဲမှာ ပန်းရုံကိုရှင်းနေတာ လိုအပ်တဲ့မြေသြဇာပါပြန်ထည့်နေလို့ အထဲကို
လိုက်မပို့တော့ဘူးနော် အကိုလေးစည်သူကိုလည်းဧည့်ဝတ်မကျေနိုင်တော့ဘူးဗျို့ "" ရပါတယ်ဗျာ ဒီလူတွေကပြောစရာမှ မလိုပဲ "
" ဟုတ် ဟုတ် ဒါဆိုကျွန်တော်သွားလိုက်ပါအုံးမယ်
အကိုလေးတို့လည်း အေးဆေးနားပါ "" ကောင်းပါပြီဗျာ "
" ကဲ ဆောင်းအိမ်ထဲဝင်ကြရအောင် "
" ဟုတ်ကဲ့ "
" လာပြီ လာပြီ အကိုလေးရေ မိအေး အကိုလေးတို့ပြန်လာတည်းက အသံတွေကြားပါတယ်။အပေါ်ထပ်မှာ
မနက်က ဟိုသားအမိအိပ်ယာခင်းတွေ လျှော်လှမ်းခိုင်းထားလို့ အလုပ်လေးမပြတ်တာနဲ့ ချက်ချင်းဆင်းမလာဖြစ်တာ!"" ရပါတယ် မိအေးရယ် အကိုတို့ကတစိမ်းတွေမှမဟုတ်ပဲ"
" ဟုတ်ကဲ့အကိုလေး ဒါနဲ့ဒီနေ့ ကျောင်းကပြန်တာစောလှ
ချည့်လား ဘာဖြစ်လို့လဲဟင် !?"" အာ မိအေး နောက်မှဆောင်းပြောပြမယ် အခုအကို့တွက်သောက်စရာတခုခုယူခဲ့ပေးပါအုံး "

VOUS LISEZ
မင်းစေညွှန်ရာ
Fantasy⚠️ ဒီ fic လေးက စာရေးသူရဲ့စိတ်ကူးသက်သက်သာဖြစ်ပါတယ် ✌️ ⚠️ 18+ ခန်းတွေပါမှာဖြစ်တာမို့ အသက်မပြည့်သေးရင်ဝင်မဖတ်ကြဖို့တောင်းဆိုပါတယ် 👌