" ဘယ်သူနဲ့တွေ့ချင်လို့ပါလဲရှင့် "ဆောင်း ကုမ္မဏီဝင်ပေါက်ကိုရောက်တယ်ဆိုရင်ပဲ ဧည့်ကြိုကောင်တာက ကောင်မလေးတွေက မေးခွန်းထုတ်လာကြတယ်။
" ဟို ဒီမှာ အလုပ်လျှောက်ထားတာ အင်တာဗျုးဖြေဖို့ခေါ်ထားလို့ပါ "
" အော် ဟုတ်ကဲ့ ခဏလေးပါနော် "
" ဟုတ်ကဲ့ပါဗျ "
ကောင်မလေးတွေက ဆောင်းကိုခဏစောင့်ခိုင်းပြီး စာအုပ်တချို့ကိုလှန်လျောရှာဖွေနေတယ်၊ ပြီးမှ
" ဒီက ဆောင်းဦးလေညှင်းဆိုတဲ့ တယောက်လားရှင့် "
" အာ ဟုတ်ပါတယ်ဗျ "
" ဟုတ်ကဲ့ အကို့ကို မန်နေဂျာကြီးက သူ့ရုံးခန်းထဲလာခဲ့ဖို့
ပြောထားပါတယ် ညီမအရှေ့ကလမ်းပြပေးပါ့မယ် လာပါ "" ဟုတ်ကဲ့ ကျေးဇူးပါဗျ "
ဧည့်ကြိုကောင်မလေးခေါ်ဆောင်ရာနောက်ကို လိုက်သွားပြီး မိမိအလုပ် လုပ်ရမယ့် အဆောက်အဦးကို အကဲခက်လေ့လာနေမိတယ် ။
အဆောက်အဦးဒီဇိုင်းက ရိုးရှင်းပြီး စိတ်ကိုအေးချမ်းအောင် အနုစိတ်ပုံဖော်ထားတယ် ၊ သုံးထားတဲ့ကာလာက အဖြူ
နဲ့အနက်ဖြစ်ပြီး မျက်နှာကြပ်နံရံတွေက ရောင်စုံကြယ်လေး
တွေသုံးထားပြန်တယ် ။" ဒီမှာပါရှင့် "
ငေးကောင်းကောင်းနဲ့ အကုန်လိုက်ငေးနေတာ ဧည်ကြို
မိန်းခလေးရဲ့အသံကြားမှ အသိပြန်ဝင်လာတယ် ။" ဟုတ်ကဲ့ပါ "
" ဆရာ ! ဆရာပြောထားတဲ့တယောက်ပါ "
" ဟေ! အေး အေး ရပြီ "
ကောင်မလေးကသူ့ကိုလိုက်ပို့ပြီးပြန်ထွက်သွားတယ်။
" မောင်ရင်က ဆောင်းဦးလေညှင်းနော် "
" ဟုတ်ကဲ့ခဗျ "
" အေးကွယ် ဦးတို့ကမ္မဏီက home decoration
အပိုင်းနဲ့ Building design အမျိုးအစားကို အဓိကထားလုပ်ဆောင်ပေးတဲ့ကုမ္မဏီပါ "" ဟုတ်ကဲ့ "
" မောင်ရင်လျှောက်လွှာတင်ပေးထားတဲ့ အထဲက ဒီဇိုင်းတချို့ကို အန်ကယ်တို့ MD ကသဘောကျသလို ဂျပန်က
Boss လည်းအတော်လေးနှစ်သက်တယ်တဲ့ "

YOU ARE READING
မင်းစေညွှန်ရာ
Fantasy⚠️ ဒီ fic လေးက စာရေးသူရဲ့စိတ်ကူးသက်သက်သာဖြစ်ပါတယ် ✌️ ⚠️ 18+ ခန်းတွေပါမှာဖြစ်တာမို့ အသက်မပြည့်သေးရင်ဝင်မဖတ်ကြဖို့တောင်းဆိုပါတယ် 👌