" သားမာန်ကဘာဖြစ်လို့ ဆောင်းတို့နဲ့အတူသွားချင်တာလဲ အိမ်ကကားနဲ့ကိုပေါကိုလိုက်ပို့ခိုင်းထားတယ်လေ "
" ဘာဖြစ်လို့လဲ အဆင်မပြေဘူးလား !"
" အဲ့လိုသဘောမျိုးတော့မဟုတ်ပါဘူး အဖေကဘာများဖြစ်လို့လဲလို့မေးကြည့်တာပါ "
" မာန် ! နင်လူကြီးကိုဘယ်လိုတွေပြန်ပြောနေတာလဲ
ရိုင်းလှချည့်လား နင့်အဖေနင့်ကိုဘယ်လိုပဲ ဆိုဆုံးမမှု့ညံ့ညံ့
ဒါကလူကြီးလူကောင်းဟဲ့ နင့်စကားပြောဆင်ခြင်စမ်းပါ "" ကျုပ်ကိစ္စမှာ အဖေ့ကိုစွဲထည့်စရာဘာအကြောင်းမှမရှိဘူး ကျုပ်ရိုင်းတယ်ထင်ရင်လည်း ရိုင်းတယ်ပေါ့ အဲ့ဒါက
ခင်ဗျားသွေးတွေပါနေလို့ လို့မှတ်လိုက်ပေါ့ "" မင်း !!"
" ကဲပါရိုစီရယ် ကလေးနဲ့ဖက်မဖြစ်ပါနဲ့တော့ သားမာန်က
ဆောင်းလေးတို့နဲ့လိုက်သွားချင်တယ်ဆိုလည်းသွားလေ
မောင်စည်သူရောအဆင်ပြေတယ်မလား !"" ဟုတ်ကဲ့ ကျွန်တော်ကပြဿနာမရှိပါဘူး "
" အေးကွယ် သားကိုကျေးဇူးအရမ်းတင်ပါတယ် !"
" ဖေဖေအဲ့ဒါဆိုသမီးလည်း အကိုနက္ခက်တို့နဲ့တခါတည်း
လိုက်သွားလိုက်မယ်လေ အလုပ်မပိုတော့ဘူးပေါ့ "" အင်း မောင်စည်သူရေဖြစ်ရဲ့လားကွယ် "
" ရပါတယ်အန်ကယ်ရဲ့ ကိစ္စမရှိပါဘူး "
" အေးကွယ် မောင်နက္ခက်ကိုပဲ သမီးတို့ကိုအပ်ပါတယ်
အန်တီတို့အိမ်ကိုနောက်အားလည်းလာလည်ပေါ့ အန်တီ
မင်းကိုထမင်းဟင်းကောင်းကောင်းချက်ကျွေးပါအုံးမယ်"" ဟုတ်တယ် အကိုနက္ခက် မေမေကထမင်းဟင်းအရမ်း
အချက်ကောင်းတာ ရှု့မငြီးလည်းမေမေ့လက်ရာမမှီပေမယ့်ကောင်းကောင်းချက်ကျွေးနိုင်ပါတယ် "" အင်း "
" ကဲ ကဲ ဒါဆိုသားတို့သွားတော့လေ ကျောင်းနောက်ကျနေအုံးမယ် "
" ဟုတ်ကဲ့ ဖေဖေ တာ့တာ့!! "
" အေးကွယ် ကောင်းကောင်းသွားကြကလေးတို့ မောင်
စည်သူလည်းကားကိုဂရုစိုက်ပြီးမောင်းနော် "

ESTÁS LEYENDO
မင်းစေညွှန်ရာ
Fantasía⚠️ ဒီ fic လေးက စာရေးသူရဲ့စိတ်ကူးသက်သက်သာဖြစ်ပါတယ် ✌️ ⚠️ 18+ ခန်းတွေပါမှာဖြစ်တာမို့ အသက်မပြည့်သေးရင်ဝင်မဖတ်ကြဖို့တောင်းဆိုပါတယ် 👌