AN // ဒီအပိုင်းကမာန့်အဖေနောက်ကြောင်းပြန်ပြောပြတဲ့
အခန်းလေးကိုပုံဖော်ထားတာပါ ✌️Feelback ~~~~~
" သား မာန်!! "
" ဟုတ် အဖေဘာပြောစရာရှိလို့လဲ "
" ဘယ်သွားမလို့လဲ "
" ဟိုကောင် ကာရံနဲ့အပြင်ခဏသွားမလို့ပါ အဖေဘာခိုင်း
စရာရှိလို့လဲ ပြောလေ "" ဟင့်အင်း ထွေထွေထူးထူးတော့မဟုတ်ပါဘူး "
မာန်အပြင်သွားဖို့ပြင်ထားတဲ့ခြေလှမ်းတွေကို အိမ်ထဲက
လေးထောင့်ခုံပုလေးပေါ်မှာထိုင်ပြီး ပြတင်းပေါက်ဘောင်
ပေါ်လက်တင်ထားတဲ့အဖေ့အနားကိုပြန်လျှောက်လာလိုက်တယ်။ ပုံမှန်ဆိုအဖေကဒီချိန်မူးနေပြီဖြစ်ပေမယ့်
ဒီနေ့တော့စကားပြောပုံဆိုပုံကြည့်ရတာသာမာန်ပဲမို့
အဖေမသောက်ရသေးတာဖြစ်မယ်။" အင်း အဲ့တာဘာများလဲ ကျွန်တော်နားထောင်ချင်လို့ "
" မင်းအမေအကြောင်းလေ ဟားးး ဘယ်လိုလဲနားထောင်
ချင်သေးလား "အဖေကမာန်အမေ့ပေါ်မှာ ဘယ်လောက်စိတ်နာထားလဲ
ဆိုတာကိုသိလို့ ဒီစကားကိုအရင်စထားတာပဲဖြစ်တယ်။
အမေ့ကိုမာန်ပဲစိတ်နာတာလားဆိုရင်တော့မဟုတ်ဘူး
အဖေလည်းဒီထဲတချို့တဝက်တော့ပါပါတယ်။ဒါပေမယ့်
အမေ့ပေါ်မှာ ခုချိန်ထိအချစ်လက်ကျန်တွေရှိနေသေးတာ
တော့တခါတလေအဖေ့မျက်ရည်တွေကသက်သေပြပါတယ်။" အင်း နားမထောင်ချင်ပေမယ့် အဖေကပြောပြမယ်ဆိုရင်
ကျွန်တော်နားထောင်ဖို့အသင့်ပါပဲ "" မင်းအမေက အရမ်းချမ်းသာချင်တဲ့မိန်းကလေးတယောက်လေ ၊ ဈေးကြီးပေ့ ကောင်းပေ့ဆိုတဲ့ အရာမှန်သမျှကို
အလွန်ကြိုက်နှစ်သက်တဲ့ မိန်းကလေးတယောက်ပေါ့ "" အင်း "
မာန်က နာခံသယောင်အသံပြုလိုက်တော့ အဖေကပြတင်းပေါက်အပြင်ဘက်မှာရှိတဲ့ နေဝင်ရီသယောအချိန်အိပ်
တန်းတတ်ဖို့ အုပ်စုလိုက်ပြန်လာတဲ့ဌက်ကလေးတွေကို
တချက်လှမ်းကြည့်လိုက်ပြီး လွမ်းလွမ်းဆွေးဆွေးလေးပြုံး
တယ်။ ပြီးတော့ အဖေ့မျက်ဝန်းတွေမှာ မာန်အမုန်းဆုံး
မျက်ရည်စက်တွေနဲ့ပေါ့ ။

ВЫ ЧИТАЕТЕ
မင်းစေညွှန်ရာ
Фэнтези⚠️ ဒီ fic လေးက စာရေးသူရဲ့စိတ်ကူးသက်သက်သာဖြစ်ပါတယ် ✌️ ⚠️ 18+ ခန်းတွေပါမှာဖြစ်တာမို့ အသက်မပြည့်သေးရင်ဝင်မဖတ်ကြဖို့တောင်းဆိုပါတယ် 👌