ခမ်းနားပြီးအဆင့်မြင့်ပစ္စည်းတွေနဲ့သာပြည့်နေတဲ့အိမ်ကြီးတစ်အိမ်။ထိုအိမ်ရဲ့ထမင်းစားခန်းထဲမှာတော့ဇွန်းခရင်းအသံတွေသာထွက်နေပြီးစကားပြောသံတွေမကြားရဘဲငြိမ်သက်နေသည်။ခနနေကျတော့စားပွဲရဲ့ထိပ်ဆုံးမှာနေရာယူထားတဲ့အသက်ကြီးကြီးလူကြီးကနေပြီးတော့
"သားတံခွန်ဒီနေ့သားငယ်လေးလာမယ်....သားကိုယ်တိုင်သွားကြိုရမယ်"
"ကျစ်.....Daddyသားလက်မထပ်ဘူးလို့ပြောထားတယ်နော်...ပြီးတော့သားမှာချစ်တဲ့သူရှိတယ်"
"Daddyကစကားကိုတစ်ခါဘဲပြောတယ်တံခွန်....ခနနေသားငယ်ကိုလေဆိပ်မှာသွားကြိုလိုက်....ပြီးရင်weddingအတွက်တိုင်ပင်ကြ"
"သားgayမဟုတ်ဘူးdaddyအဲ့ကြောင့်ယောကျော်းလေးတစ်ယောက်နဲ့လက်မထပ်နိုင်ဘူး"
"မင်းလက်မထပ်ရင်ပိုင်ဆိုင်သမျှအကုန်ထားပြီးအိမ်ပေါ်ကနေဆင်းသွားတံခွန်"
"Daddy!!"
စိတ်ပျက်ဖို့ကောင်းလိုက်တာ။ကိုယ်ကယောကျာ်းလေးတစ်ယောက်ကိုလက်ထပ်ရမယ်တဲ့။လက်ထပ်ရမဲ့အကြောင်းအရင်းကိုမေးတော့လည်းဖြေလိုက်တာကသားငယ်လေးတစ်ယောက်ဘဲကိုယ်နဲ့လိုက်ဖက်လို့တဲ့.....အဓိပ္ပာယ်မရှိတာကြီး။ကိုယ်gayမဟုတ်ပါဘူးပြောတော့လည်းမာမီကမျက်ရည်လေးတစ်စမ်းစမ်းနဲ့မရှိတဲ့နှလုံးရောဂါကိုအကြောင်းပြပြီးးမာမီကိုသနားရင်သားငယ်လေးနဲ့လက်ထပ်ပါနဲ့...တကယ်ဘဲကိုယ်ကသားအရင်းလားဟိုကောင်လေးကသားအရင်းလားမသိ။တကယ်ကိုစိတ်ပျက်တယ်။တံခွန်တွေးနေတုန်းညီမတော်ကနေပြီးတော့
"ကိုကြီးရယ်မာမီတို့စကားကိုနားထောင်လိုက်ပါနော်"
"တိတ်တိတ်နေစမ်းဝတ်မှုံမ"
"ကိုကြီးလေကိုငယ်နှောင်းကိုမတွေ့ရသေးလို့ကိုငယ်ကိုတွေ့ပြီးရင်ကိုကြီးကြွေသွားမယ်...ကိုငယ်ကချစ်စရာလေးးး"
"ကျစ်....သူဟာသူချစ်စရာကောင်းကောင်းမကောင်းကောင်းးငါမကြိုက်ဘူး"
"သားငယ်နှောင်းဖွဲ့လေးကသားထက်ကြီးတယ်နော်"
"အားးးးးကျွန်တော်လက်မထပ်နိုင်ဘူး"
