ပန်းအိအခုတံခွန်Companyရှေ့ကိုရောက်နေတာဖြစ်တယ်။ဟိုတစ်ခါတံခွန်...နှောင်းဖွဲ့ကြိုးကိုဘယ်နေ့ပြန်လာမလဲလို့မေးပြီးကတည်းကပန်းအိတံခွန်နဲ့မတွေ့ရသေးဘူး။ပန်းအိယုံတယ်...တံခွန်နှောင်းဖွဲ့ကြိုးကိုမချစ်ဘူးဆိုတာ။တံခွန်နှောင်းဖွဲ့ကြိုးနာကျင်အောင်တမင်လုပ်နေတာ....။ဟုတ်တယ်...တံခွန်ချစ်တာပန်းအိခင်ဆိုတဲ့သူ့ကိုဘဲ။ပန်းအိကားပေါ်ကနေဆင်းပြီးတာနဲ့တံခွန်ရှိမဲ့အထပ်ဆီသွားတော့သည်။အခန်းရှေ့ရောက်တော့တံခွန်အတွင်းရေးမှူးဂျက်ကနေပြီးတော့..
"အမပန်းအိ...Bossနဲ့ချိန်းထားလားဗျ"
"ဘာလဲ....တို့ကတံခွန်နဲ့မချိန်းထားရင်မတွေ့ရတော့ဘူးလားးးးမင်းမှတ်ထားသင့်တယ်နော်..တို့ကမကြာခင်....မင်းတို့ရဲ့သခင်မဖြစ်လာမဲ့သူဆိုတာ.....ဘေးဖယ်စမ်းပါ"
ဒေါက်.....ဒေါက်...ဒေါက်
"ဝင်ခဲ့"
ဂျက်သူကိုယ်သူသခင်မလို့ပြောပြီးဝင်သွားတဲ့တစ်ယောက်ကိုကြည့်ကာ
"အော့....သခင်မတဲ့...ကြည့်ရတာအခုမှအရူးထောင်ကနေပြန်လွတ်လာတာထင်တယ်"
ပန်းအိတံခွန်ရုံးခန်းထဲဝင်သွားတာနဲ့စားပွဲရှေ့မှာအလုပ်လုပ်နေတဲ့တံခွန်ကိုတွေ့လိုက်ရတယ်။တံခွန်ကအရမ်းခံ့ညားတာဘဲ...သူ့လိုလူမျိုးနဲ့ဘဲတံခွန်ကလိုက်ဖက်တာ။ဟိုဘာမဟုတ်တဲ့နှောင်းဖွဲ့ကြိုးနဲ့လုံးဝကိုမလိုက်ဖက်ဘူး။သူဘဲတံခွန်ကိုပိုင်ရမယ်။
"တံခွန်"
တံခွန်ဂျက်ဝင်လာတယ်ထင်နေတာ....တံခွန်လို့ခေါ်သံကြားလို့ကြည့်လိုက်တော့ပန်းအိဖြစ်နေတော့...
"အော်...အိလားးကိုယ်ကဂျက်ထင်နေတာ"
"ဘာလဲ...အိကလာလို့မရဘူးလားဟင်"
"မဟုတ်ပါဘူကွာ.......ထိုင်လေအိ"
"အင်းးးး"
ပန်းအိထိုင်ပြီးတာနဲ့သူ့ရှေ့ကsofaပေါ်ဝင်ထိုင်လိုက်တဲ့တံခွန်ကိုကြည့်ပြီးပြောလိုက်သည်။
"တံခွန်.....အိတို့နေ့လည်စာသွားစားရအောင်လေ....တံခွန်နဲ့မတွေ့တာတောင်ကြာပြီး"