ပန်အိဒီကိုအပြီးပြန်လာတာဖြစ်သည်။ပြန်လာရတဲ့အကြောင်းအရင်းကလည်းကိုဆိုတဲ့ကြိုးမဲ့တံခွန်ကြောင့်ပေါ့။တံခွန်နဲ့,ပန်းအိတို့ကငယ်ငယ်ကတည်းကခင်လာကြတဲ့သူတွေဖြစ်သည်။တစ်ယောက်နဲ့တစ်ယောက်ချစ်နေပေမဲ့မဖွင့်ပြောဖြစ်ခဲ့ကြဘူး။တစ်နေ့ကျတော့ဒယ်ဒီတို့ကနေပြီးusဖက်မှာဘဲနေတော့မယ်ဆိုပြီးပြောတော့တံခွန်နားကနေထွက်လာခဲ့လိုက်ရတယ်။အစတုန်းကတော့တံခွန်နားမှာဘဲနေခဲ့လိုက်မယ်ပေါ့....ပန်းအိသေချာစဉ်းစားကြည့်တော့ကြိုးမဲ့တံခွန်တို့မိသားစုဆိုတာTop1 Companyပိုင်ရှင်ဖြစ်တယ်ဆိုတာဘဲ...ပန်းအိနဲ့တံခွန်နဲ့သက်ဆိုင်သူတွေဖြစ်ဖို့ပန်းအိလည်းတံခွန်တို့နဲ့ယှဉ်ရပ်နိုင်အောင်ကြိုးစားရမယ်ဆိုတဲ့အတွေးနဲ့ဒယ်ဒီတို့နဲ့လိုက်သွားခဲ့တယ်။USရောက်ပြီးငါးနှစ်ပြည့်မှာမဖြစ်နိုင်စရာကောင်းတဲ့ကောင်းတဲ့သတင်းတစ်ခုကြားခဲ့လိုက်ရတယ်။အဲ့သတင်းကတံခွန်လက်ထပ်သွားပြီးတဲ့လေ။လက်ထပ်ထားတဲ့သူကလည်းကောင်လေးတစ်ယောက်နဲ့တဲ့။မိန်းကလေးတစ်ယောက်ဆိုရင်သာပန်းအိအတွက်ခံသာအုန်းမယ်....အခုဟာကယောကျာ်းလေးတဲ့။တစ်ခုဘဲ...သေချာပေါက်တံခွန်အဲ့ကောင်လေးကိုမချစ်ဘူး။တံခွန်ချစ်တာပန်းအိခင်ဆိုတဲ့ကိုယ့်ကို.....အဲ့ကြောင့်တံခွန်ကိုသေချာပေါက်အဲါကောင်လေးလက်ထဲကနေပြီးတော့ပြန်ယူရမယ်။
ကြိုးမဲ့ကားသော့မေ့ကျန်ခဲ့လို့အပေါ်ပြန်တက်ပြီးယူခဲ့ပြီးဆင်းလာတော့အိကရပ်ပြီးဘာတွေအတွေးလွန်နေလဲမသိတာကြောင့်အနားသွားကာ
"အိ...အိ"
"ဟမ်...Sorryတံခွန်"
"ဘာတွေတွေးနေတာလဲ"
"အိ...အလုပ်ကိစ္စလေးတွေးနေတာ"
"အင်းးအင်းးကားပေါ်တက်တော့အိ"
အိ....ကားပေါ်တက်မလို့လုပ်နေတုန်းတစ်ခုသတိရလိုက်တာကြောင့်
"တံခန်ခနလေးနော်...အိ.....ဖုန်းဆက်စရာလေးတစ်ခုရှိလို့"
"အင်းးအဲ့ဆိုကိုယ်ကားပေါ်မှာဘဲစောင့်နေမယ်"
"အင်းတံခွန်"
ပန်းအိတံခွန်ကားပေါ်တက်သွားတာနဲ့အလွတ်ရနေတဲ့ဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်သည်။