နှောင်းနဲ့ရွှေဇင်တို့နှစ်ယောက်Irisကိုတည်းရမဲ့Hotelပြန်ပို့ပြီးတာနဲ့ပြန်မလို့လုပ်နေတုန်းရှိနေတုန်းမှာဘဲIrisကအလုပ်ကိစ္စပြောစရာရှိတယ်ဆိုလို့Hotelရှေ့ကcoffeeဆိုင်မှာထိုင်စောင့်နေလိုက်တယ်။
"နှောင်းးး"
"အင်းးးး"
"သူကမိန်းကလေးဖြစ်ပြီးဘာလို့ယောကျာ်းလေးထက်တောင်မိုက်နေတာလဲ"
"ငါဘယ်သိမလဲသိချင်ရင်သွားမေးပေါ့"
"ဟွင့်....ဘာမှမသိတဲ့အရူးကောင်"
"အဲ့အရူးကောင်ရဲ့သူငယ်ချင်းကလည်းအရူးမဘဲ"
"နှောင်းဖွဲ့ကြိုးး"
"ဘာလဲ....တိတ်တိတ်နေစမ်းပါ..... companyအလုပ်တွေမသင်ရအောင်ဘယ်လိုလုပ်ရမလဲငါစဉ်းစားနေတယ်"
"အေးအေးးးငါဘာမှမပြောတော့ဘူးးအဲ့ကြောင့်မြန်မြန်စဉ်းစားး"
နှောင်စဉ်းစားနေတဲ့အချိန်မှာဘဲIrisကရောက်လာတော့တယ်။နှောင်းသူ့ရှေ့ကမျက်နှာကြောတင်းတင်းနဲ့ထိုင်နေတဲ့Irisကြောင့်
"ဘာစားမလဲIris"
"အဲတာနောက်မှမှာတော့မယ်...အရင်ဆုံးးအလုပ်ကိစ္စလေးပြောရအောင်"
"ဟမ်....အခုချက်ချင်းကြီးလားး"
"အင်းးးးး...ချာတိတ်ရောအဆင်ပြေလား"
ရွှေဇင်သု့ကိုချာတိတ်လို့ခေါ်ပြီးမေးလာတဲ့တစ်ယောက်ကြောင့်
"ဒါနဲ့Irisအသက်ဘယ်နှစ်နှစ်လဲ"
"24နှစ်"
"ဘာာာ....အဲ့တာကိုများးလူကိုချာတိတ်လို့ခေါ်စရာလားးးတို့ကမင်းထက်ကြီးတယ်နော်"
"အင်းလေ....ကိုယ်သိတယ်ချာတိတ်...ဒါပေမဲ့မင်းကိုချာတိတ်လို့ဘဲကိုယ်ခေါ်မယ်"
"အရိုင်းစိုင်းကောင်"
"ဟက်....."
နှောင်းသူ့ကိုဘေးမှာထားပြီးရန်ဖြစ်နေတဲ့နှစ်ယောက်ကိုကြည့်ပြီးးဘာလို့မကြာခင်ညားတော့မယ်လို့ခံစားနေရလဲမသိ။သေချာပေါက်သူ့သူငယ်ချင်းမိန်းမရတော့မယ်။
Irisသူ့ရှေ့ကသူ့ကိုရန်တွေ့နေတဲ့ချာတိတ်ကိုပြုံးလိုက်မိတယ်။တကယ်ကိုကလေးလိုဘဲ။အသဲယားစရာလေးးးး။ကြည့်နေရင်းနဲ့နှာခမ်းကရှေ့ကထွက်လာပြန်ပြီးး။ကြာတော့Irisအသဲယားလာတာကြောင့်.....