အချစ်တဲ့......ရင်ထဲမှာသူ့ကိုချစ်မိတဲ့အချစ်တွေတိုးလာတာနဲ့အမျှထိုအချစ်ကြောင့်ဖြစ်ပေါ်လာတဲ့slide effectတွေကလည်းတစ်နေ့ထက်တစ်နေ့များလာခဲ့သည်။အခြားသူတွေကတော့ပြောကြတယ်....အချစ်ကပေးဆပ်ခြင်း..အချစ်ကပျော်ရွင်ခြင်းတဲ့။ဒါပေမဲ့ကျွန်တော့်အတွက်ကတော့အချစ်ကနာကျင်ခြင်းဖြစ်နေခဲ့သည်။နာကျင်ရင်စွန့်လွှတ်လိုက်ပါလားတဲ့.....ဘယ်လိုလုပ်မလဲကျွန်တော့်အတွက်တော့နာကျင်စေတဲ့အချစ်ကိုဘဲမြတ်နိုးမိနေတာကိုး။ရုန်းထွက်လို့မရတဲ့အချစ်နွံလေးတစ်ခု....။ထိုအချစ်နွံလေးကနေရုန်းလေလေပိုပြီးနစ်လေလေဖြစ်နေသည်။ကိုယ်တိုင်ကလည်းအချစ်နွံလေးထဲကနေရုန်းထွက်ဖို့ဆန္ဒမရှိခဲ့ဘူး။ဘယ်လောက်ဘဲအဲ့အချစ်နွံလေးကနာကျင်အောင်လုပ်ပါစေနာကျင်အောင်လုပ်နေတဲ့အချစ်နွံလေးကိုဘဲသေသည်အထိဖက်တွယ်သွားခြင်ခဲ့တယ်။နာကျင်အောင်လုပ်တဲ့ထိုအချစ်နွံလေးကိုမောင်.....ဟုခေါ်သည်။
နှောင်းအခန်းထဲရှိတဲ့မောင်နဲ့နှောင်းရဲ့weddingဓာတ်ပုံကိုကြည့်နေမိတယ်။ဓာတ်ပုံထဲမှာနှောင်းကပြုံးနေသလောက်မောင်မျက်နှာမာထန်နေသည်။ဒီဓာတ်ပုံလေးတစ်ပုံရဖို့တောင်မာမီတို့ဝိုင်းပြောကြတာ။အင်းးနှောင်းဖွဲ့ကြိုးဆိုတဲ့ကိုယ်ကမောင့်ဆီရောက်ဖို့ရှေ့တစ်လှမ်းတိုးရင်မောင်ကနောက်နှစ်လှမ်းပြန်ဆုတ်တာမျိုး။မာနတွေကလည်းမောင့်ကိုချစ်မိချိန်ကစပြီးဘယ်ရောက်လို့ရောက်သွားမှန်းတောင်မသိတော့ဘူး။မောင်နဲ့ပတ်သတ်ရင်ကိုယ့်ရဲ့မာနကမောင့်ခြေဖဝါးအောက်ကိုအလိုလိုရောက်သွားခဲ့သည်။နှောင်းတွေးနေတာကိုဖျက်ကာမောင့်အတွက်မနက်စာပြင်ဖို့အောက်ဆင်းတော့သည်။အောက်ရောက်တာနဲ့မောင့်အတွက်ထမင်းကြော်နဲ့အတူblack coffeeကိုစားပွဲပေါ်တင်ကာမောင့်ကိုထိုင်စောင့်နေလိုက်တယ်။ခနနေကျတော့မောင်ကအပေါ်ထပ်ကနေဆင်းလာပြီးအပြင်ထွက်ဖို့လုပ်တော့မောင့်အနားပြေးသွားကာ
"မောင်....ငါမောင်ကြိုက်တဲ့မနက်စာလုပ်ပေးထားတယ်...စားသွားအုန်းနော်မောင်ဗိုက်ဆာနေမယ်"
တံခွန်သူ့မျက်နှာမမြင်ချင်လို့ကိုကျော်သွားတာအတင်းခေါ်နေတဲ့သူကြောင့်
