နှောင်းပြောတော့ပြန်ဖြေလာတဲ့ရဝေအဖြေကြောင့်တစ်ကိုယ်လုံးကသွေးတွေခေါင်းပေါ်သွားစုသွားတယ်လို့တောင်ခံစားလိုက်ရတယ်။ဘာဖြေလိုက်လဲဆိုတော့"ငါ့သမီးလေးလက်ကိုတွဲပြီးခန်းမထဲဝင်မယ်လေ"တဲ့။
"ဘာာ....ဘာပြောလိုက်တာ"
"ငါ့သမီးလေးကိုတွဲပြီးခန်းမထဲဝင်လို့လေ"
"မအေဘေးးးသူတောင်းစားးးရူးနေလားးစောက်ရူး....နင့်ခွေးကိုဘယ်လိုသွားဆွဲပြီးဝင်မှာလဲအရူးရဲ့"
"သမီးလို့ပြောစမ်းပါနှောင်းရယ်....ငါလုပ်တက်တယ်...မင်းနဲ့မင်းလင်ကငါ့ကိုကူညီရုံဘဲ"
တံခွန်...အချစ်သူငယ်ချင်းပြောတာလည်းကြားပြီးရော...
"ကျွန်..ကျွန်တော်ပါလားးး"
"အေးလေ....မင်းကနှောင်းဖွဲ့ကြိုးရဲ့လင်..မလား"
"ဟုတ်တယ်.....ကြိုးမဲ့တံခွန်ရဲ့တစ်ဉီးတည်းသောလင်"
"အေးးးးငါသိတယ်....ငါ့သူငယ်ချင်းလင်ဆိုတော့ငါ့ကိုကူညီပေးရမှာပေါ့"
"ဘာကူညီပေးရမလဲ"
"လွယ်လွယ်လေးပါ.....ငါကလမ်းသိပ်မလျှောက်နိုင်လို့ငါ့သမီးလေးကိုမင်းကငါ့အစားခန်းမထဲခေါ်လာပေးရမယ်"
တံခွန်...ဘာများကူညီခိုင်းမလဲလို့ပေါ့.....အခုကြားလိုက်တဲ့စကားကြောင့်ရှိသမျှအမွှေးတွေတောင်အကုန်ထောင်ကုန်တယ်။
"ဘာာာာာာာာ"
ရဝေ...နားကိုအူထွက်သွားအောင်အော်လိုက်တဲ့ကြိုးမဲ့တံခွန်ကြောင့်
"ဘာလို့ဒီလောက်အော်နေတာလဲ...မကူညီဘူးလို့ပြောလို့မရဘူးနော်....မင်းယူထားတဲ့ငါတို့သူငယ်ချင်းနော်"
"ကျစ်..."
"လာ..မကျစ်နေနဲ့...လာလာ...ငါ့သမီးကိုအပြင်ခေါ်သွားပြီးလိုက်....ဝင်လာလို့ရရင်ငါအော်ခေါ်လိုက်မယ်......"
တံခွန်...သေတောင်သေချင်သွားတယ်။လူတိုင်းကြောက်ရတဲ့ကြိုးမဲ့တံခွန်က...ခွေးကိုမဂ်လာဆောင်ပေးရမယ်တဲ့....တောက်...မဖြစ်သင့်တာ။တံခွန်....ပြောလိုရငြားအချစ်အနားသွားကာ
