ရဝေတစ်ယောက်နာနေတဲ့ခြေထောက်နဲ့လက်တွေကိုဂရုစိုက်မအားးမနေ့ဆိုင်မှာရွှေဇင်တို့ဘာဖြစ်ခဲ့လဲဆိုတာသိချင်လွန်းလို့တစ်ကိုယ်လုံးလှုပ်ရွနေတော့သည်။
"ရွှေဇင်မနေ့ကအကြောင်းပြောပြမယ်ဆို...."
"အေးအေးးပြောပြမယ်"
"မြန်မြန်ပြောပြစမ်းပါရွှေဇင်ရယ်"
ရွှေဇင်ရဝေထိုင်နေတဲ့ကုတင်ပေါ်ကိုတက်ထိုင်ပြီးမနေ့ကအကြောင်းကိုစပြောတော့တယ်။
"ငါတို့သိတာကလေ...ကြိုးမဲ့တံခွန်ကနှောင်းကိုမချစ်ဘူးလို့လေ"
"အေးလေ......သူအချစ်ဉီးရှိတယ်ဆို....နှောင်းနဲ့လက်ထပ်ထားတာတောင်ငါတို့ကလွဲပြီးဘယ်သူမှမသိဘူးလေ"
"အေးးးအဲ့တာပေါ့....မနေ့ကငါမုန့်ဝယ်ဖို့ဆိုင်သွားတာလေအဲ့ဆိုင်မှာကြိုးမဲ့တံခွန်ရယ်....သူ့သူငယ်ချင်းတွေရယ်...ပြီးတော့သူ့အချစ်ဉီးဆိုတဲ့ဟာမပါရှိနေတယ်"
"အေးးအဲ့တော့"
"အင်းးးအဲ့တာနဲ့နှောင်းကိုဟိုကောင်မကလှမ်းခေါ်တယ်လေ...ခေါ်ပြီးတော့ဘာပြောတယ်ထင်လဲ...နှောင်းဖွဲ့ကြိုးသာစိတ်မရှိရင်ဒီဝိုင်းမှာလာထိုင်ပါလားတဲ့လေ"
"ဘာ....ငါ့သူငယ်ချင်းကိုများးအဲ့တာနဲ့နှောင်းကဘာပြောလိုက်လဲ"
"သူတို့စိတ်ထင်နှောင်းဖွဲ့ကြိုးကဘာမှမသိတဲ့ခပ်တုံးတုံးကောင်လေးပေါ့....ဟိုကသူတို့ကိုတက်လုပ်မဲ့သူဆိုတာသူတို့ခင်ဗျာမသိရှာဘူးးးး"
"အေးမြန်မြန်ပြောစမ်းပါရွှေဇင်ရာ"
"အေးပါ....အဲ့တာနဲ့ဟိုကခေါ်တော့နှောင်းလည်းအဲ့ဝိုင်းမှာသွားထိုင်တယ်လေ...ပြီးတော့မိတ်ဆက်ကြတယ်....နှောင်း...ကြိုးမဲ့တံခွန်ကိုဘယ်လိုမိတ်ဆက်ပေးလဲသိလားးးဒါကငါ့ရဲ့အယောင်ဆောင်ယောကျာ်းကြိုးမဲ့တံခွန်တဲ့လေ....ပြီးတော့ပြန်ခါနီးကြိုးမဲ့တံခွန်ရဲ့ခေါင်းကိုပုလင်းနဲ့ဆော်ပစ်လိုက်တယ်နှောင်းက"
"ဟီးဟီးးအရင်တုန်းကခပ်ဆိုးဆိုးနှောင်းဖွဲ့ကြိုးပြန်ရောက်လာပြီးဘဲ"
"အင်းးးဟုတ်တယ်....အဲ့ချိန်ငါအံ့ဩဆုံးကကြိုးမဲ့တံခွန်ဘဲသိလား"