မနေ့ကမောင်နဲ့စကားများပြီးထဲကမောင်ကနှောင်းနဲ့မျက်နှာချင်းတောင်မဆိုင်တော့ဘူး။နှောင်းဖက်ကမောင်နဲ့နီးစက်လာစေဖို့ဘယ်လောက်ဘဲကြိုးစားကြိုးစားတစ်ဖြည်းဖြည်းမောင်နဲ့ပိုပြီးဝေလာတယ်လို့ခံစားနေရသည်။
ring....ring....ring
နှောင်းတွေးနေတုန်းမှာဘဲဖုန်းသံကြားလို့ကြည့်လိုက်တော့ဖိုးဖိုးဖြစ်နေလို့ပြုံးလိုက်မိတယ်။နှောင်းကိုချစ်ပေးတဲ့သူတွေရှိနေသေးတယ်။မောင်ကလွဲရင်ပေါ့....
"Helloဖိုးဖိုး"
"မြေးအဆင်ပြေရဲ့လား"
"နှောင်းအဆင်ပြေပါတယ်ဖိုးဖိုးရဲ့"
"အင်းးးမြေးတံခွန်နဲ့ရောအဆင်ပြေရဲ့လား"
"ဟီးဟီးးးးပြေပါတယ်ဖိုးဖိုး"
"ဖိုးမြေးအသံကိုနားထောင်ကြည့်ရသလောက်တော့မြေးလုံးဝအဆင်ပြေမနေဘူး"
"ဖိုးးးနှောင်းးး"
"လွှတ်ချလိုက်မြေးးးကိုယ့်ဆီမှာစိတ်မရှိတဲ့သူတစ်ယောက်ကိုမြေးဘယ်လောက်ထိဆွဲထားနိုင်မယ်ထင်လဲ"
"နှောင်းဆွဲထားနိုင်တဲ့အထိပေါ့ဖိုးဖိုး"
"ဖိုးနဲ့နေတုန်းကတုန်းကလိုခပ်ဆိုးဆိုးနှောင်းဖွဲ့ကြိုးပုံစံလိုမျိုးဘဲပြန်နေလိုက်စမ်းပါမြေးရဲ့"
"နှောင်းးးးးးးး"
"မြေးကိုဖိုးပျိုးထောင်ထားတာဒီလိုမျိုးအရာအာလုံးကိုအရှုံးပေးနေဖို့မဟုတ်ဘူးမြေး"
"ဟုတ်ဖိုးဖိုးး"
"အင်းးးးအရင်လိုခပ်ဆိုးဆိုးနှောင်းဖွဲ့ကြိုးကိုဖိုးပြန်မြင်ချင်တယ်ကွယ်....အဲ့ဆိုဖိုးဖုန်းချလိုက်တော့မယ်နော်"
"ဟုတ်ကဲ့...ကျန်းမာရေးဂရုစိုက်နော်ဖိုးဖိုး"
"အင်းးမြေးရောဘဲ"
နှောင်းဖုန်းချပြီးတာနဲ့သက်ပြင်းချလိုက်မိသည်။နှောင်းကမောင့်အတွက်ကြောင့်နှောင်းရဲ့အရာအားလုံးကိုပြောင်းလဲထားရတာ။
ခပ်ဆိုးဆိုးနှောင်းဖွဲ့ကြိုးကနေ
မောင့်တစ်မျက်နှာဘဲကြည့်တဲ့ခပ်တုံးတုံးနှောင်းဖွဲ့ကြိုးအနေနဲ့မောင့်အနားမှာနေခဲ့တာ။မောင်ဖက်ကနည်းနည်းလေးဘဲငါ့ကိုလှည့်ကြည့်ပေးရင်သိပ်ကောင်းမှာဘဲ။
