တံခွန်အခုတလောအချစ်ကိုဘယ်လိုပြန်လိုက်ရမလဲစဉ်းစားနေတာနဲ့ဘဲအချိန်တွေကုန်နေတယ်။သူ့ခင်ဗျာအလုပ်လည်းမလုပ်နိုင်.....အချစ်ကတကယ်ကြီးသူ့ကိုမုန်းသွားမလားဆိုပြီးစိုးရိမ်ရသေးတယ်။သူအရင်တုန်းကအချစ်ပေါ်လုပ်ခဲ့တာတွေကိုအချစ်ခွင့်မလွှတ်ရင်ဘယ်လိုလုပ်ရမလဲ။တံခွန်တွေးနေတုန်းမှာဘဲဂျက်ကနေပြီးတော့
"Bossလက်မှတ်လေးအရင်ထိုးပြီးမှာဘဲစဉ်းစားပါလားး"
"ဂျက်......"
"ဟုတ်ကဲ့Boss"
"ငါအချစ်ကိုဘယ်လိုပြန်လိုက်ရမလဲ"
မျက်နှာမသာမယာနဲ့မေးလာတဲ့bossကြောင့်ငိုချင်သွားတယ်။
ဘယ့်နှယ့်.....သူ့လိုsingleတစ်ယောက်ကိုများကိုမေးရက်တယ်။သိမှတော့သူ့အရင်မိန်းမရလို့ကလေးတောင်ထွက်နေလောက်ပြီးး။Bossကိုကြည့်လိုက်တော့လည်းသူ့ရဲ့မျက်နှာကိုကြည့်ပြီးပေးလာမဲ့အကြံကိုစောင့်နေတယ်လေ။"ကျွန်ဝောာ်ကဘယ်လိုသိမလဲBossရဲ့"
"ကျစ်....တစ်ခုခုအကြံဉာဏ်မပေးနိုင်ရင်ငါမင်းကိုလစာဖြတ်ပစ်မယ်"
ဂျက်တစ်ယောက်လစာဖြတ်မယ်ဆိုတဲ့အသံလည်းကြားရောသေတောင်သေချင်သွားတယ်။ဂျက်သူ့ရှေ့ကbossကိုကြည့်ပြီးးး
"လစာတော့မဖျက်ပါနဲ့Bossရယ်....ကျွန်တော်ဝိုင်းစဉ်းစားပေးမယ်"
"အေးးးမြန်မြန်စဉ်းစားးး"
"သခင်လေးကြိုက်တက်တဲ့ဟာတွေနဲ့ချော့ရင်ရော..."
"အချစ်ကြိုက်တက်တဲ့ဟာတွေလားးးးအင်းးခနလေးငါစဉ်စား
လိုက်ဉီးမယ်""ဟုတ်"
"သိပြီးးးအချစ်ကအစားစားရတာကိုအရမ်းကြိုက်တာ......ပြီးတော့နှင်းဆီပန်းကိုလည်းအချစ်ကကြိုက်တယ်"
"အဲ့တာသခင်လေးကိုအစားစာတွေနဲ့ချော့ပေါ့bossရဲ့...နေ့တိုင်းသခင်လေးကြိုက်တက်တဲ့ဟာတွေကိုပို့ပေးလိုက်...ပြီးးရင်စာလေးတွေရေးထည့်ပေါ့"
"အမ်....ဘာစာလဲ"
"ဟင်းးးးရည်းစားစာပေါ့bossရဲ့"
"ငါကဘာလို့ရည်းစားစာပေးရမှာလဲ....အချစ်ကငါ့လင်ဖြစ်နေပြီးလေ"