Ep-17

882 49 1
                                    

နှောင်းတစ်ယောက်သူ့ရှေ့ကရဝေပြောတာကြာပြီးသေတောင်သေချင်သွားတယ်။နှောင်းကနားညီးလွန်းလို့သူတို့ခွေးတွေကိုမဂ်လာဆောင်ပေးမယ်လို့ပြောလိုက်တာလေ။အဲ့တာကိုတကယ်ကြီးမဂ်လာဆောင်ပေးပါတဲ့။အီးဟီးးးးးးးးသေချင်တယ်။ခွေးကိုဘယ်လိုမဂ်လာဆောင်ပေးရမှာလဲလို့။ရဝေကိုဆေးရုံစောဆင်းခိုင်းလိုက်တာမှားသွားတယ်။အစတည်းကဆေးရုံမှာဘဲထားထားရမှာ။အခုတော့သူရူးချင်နေပြီး။

ရဝေသမီးလေးကိုခေါင်းပွတ်ပေးနေရင်းနဲ့ရှေ့မှာငိုချင်နေတဲ့မျက်နှာနဲ့ထိုင်နေတဲ့နှောင်းကိုကြည့်ကာ...

"နှောင်းးးငါ့သမီးလေးကိုမဂ်လာဆောင်ပေးမယ်ဆို"

"ငါကဘယ်လိုမဂ်လာဆောင်ပေးရမှာလဲလို့"

"မသိဘူးလေ.....မင်းဘဲမဂ်လာဆောင်ပေးလို့ပြောတာလေ...ရအောင်ဆောင်ပေး"

"အေးအေးးးငါဆောင်ပေးမယ်....ဘယ်တော့ဆောင်ချင်လဲ"

"အခုဘဲလေ"

"ဘာာာာ"

နှောင်းရဝေပြောတဲ့စကားလည်းကြားရောသွေးတောင်ဆောင့်တက်သွားတယ်။

"အခုဘဲဆောင်ပေးတော့...ငါ့သမီးကဗိုက်ကြီးနေတာတော်ကြာဗိုက်ပူမှဆောင်ရင်မလှဘဲနေမယ်"

"ရဝေ....သွေးတိုးကျဆေးရှိလားး"

"ဟမ်....မရှိဘူး...သွေးတိုးနေလို့လားး"

"အင်းးးးး"

"ငယ်ငယ်လေးနဲ့သွေးတိုးတာမကောင်းဘူးနှောင်းးအငန်တွေလျော့စားကြားလား"

နှောင်းရဝေပြောတဲ့စကားကိုကြားပြီးးးနင်တို့လုပ်လို့သွေးတိုးတာလို့ပြောချင်နေတာလက်ကုန်ဘဲ။ပြောလိုက်ရင်လည်းထသောင်းကျန်းမှာကြောက်လို့ငြိမ်နေတာ။

"အေးပါ"

ရဝေ...သူ့ခွေးကိုအစာကျွေးနေတဲ့ရွှေဇင်ကိုကြည့်ကာ

"ရွှေဇင်...နင့်သားငါ့သမီးကိုတာဝန်ယူရမယ်နော်"

"ယူမယ်..ယူမယ်...အကယ်၍ငါ့သားကကွာရှင်းချင်ရင်တော့မငြင်းရဘူးနော်"

"အေးးးးး"

နှောင်းးသူတို့ပြောတာလည်းကြားပြီးရော

မောင်......ဟုခေါ်သည်(ရပ်နား)Where stories live. Discover now