အချိန်တွေကလည်းတဖြည်းဖြည်းနဲ့ကုန်ဆုံးလာခဲ့ပြီးဖြစ်သည်။အချိန်တွေကုန်ဆုံးလာသလောက်မောင်မျက်နှာမူရာအရပ်ကနှောင်းဆီမှာမဟုတ်သေးဘူး။မောင်နဲ့လက်ထပ်ထားတာနှစ်လသာပြည့်သွားတယ်။မောင်ရဲ့အချစ်ကိုအခုချိန်ထိမရနိုင်သေးဘူး။ပြောင်းလဲသွားတာကတော့ကိုယ်တိုင်ဖြစ်နေခဲ့တယ်။အမြဲတမ်းမောင့်အလာကိုစောင့်ရင်းအိပ်ပျက်ခဲ့ရတဲ့နေ့ရက်တွေ၊မောင်နဲ့အတူထမင်းလက်စုံစားမလို့စောင့်နေရင်းထမင်းမစားခဲ့လိုက်ရတဲ့နေ့ရက်တွေကိုမောင်ကဖန်တီးပေးခဲ့တယ်။ငါကတော့မောင့်အလာကိုမျှော်ရင်းတစ်ယောက်ထဲအထီးကျန်နေတဲ့အချိန်မောင်ကတော့မောင့်အချစ်ဉီးနဲ့အမြဲရှိနေခဲ့တယ်ေလ။ကြည့်ရတာမောင်ကသူ့ကိုအတင်းအကြပ်လက်ထပ်တဲ့ငါ့ကိုဒဏ်ခတ်တယ်ထင်ပါရဲ့။အမှန်တိုင်းပြောရင်ငါသိပ်ပင်ပန်းတယ်မောင်။ငါကိုင်တွယ်ခွင့်မရတဲ့မောင့်လက်မောင်းအပေါ်ချိတ်တွယ်ထားတဲ့သူမရဲ့လက်တွေကိုကြည့်လိုက်တိုင်းငါနာကျင်ရတယ်မောင်။ငါ့ကိုရိုးရိုးသတ်လည်းသေပါတယ်မောင်ရဲ့.... ဒီလိုမျိုးတမြေ့မြေ့ခံစားစေရတဲ့နည်းနဲ့တော့ငါ့နှလုံးသားကို
မသတ်ပါနဲ့တော့ငါ့ရဲ့.....မောင်။တံခွန်အောက်ထပ်ကိုဆင်းလာတော့sofaပေါ်မှာငိုင်နေတဲ့တစ်ယောက်ကိုကြည့်ပြီးမျက်မှောင်ကျုံ့သွားမိသည်။သူအရင်ကအဲ့လိုမဟုတ်ပါဘူး။အမြဲတမ်းတက်တက်ကြွကြွတဲ့ရှိနေတဲ့သူတစ်ယောက်ကဘာလို့ဒီလောက်မှိုင်နေတာလဲ။ပြီးတော့သူအရမ်းပိန်သွားတယ်။ပါးဖောင်းဖောင်းလေးတွေလည်းမရှိတော့တဲ့အထိကိုသူပိန်သွားတယ်။တံခွန်အောက်ထပ်ဆင်းလာတာတောင်အခုထိငိုင်နေတဲ့သူကြောင့်သူရှိနေတဲ့sofaဆီကိုသွားကာခေါ်လိုက်တော့
"နှောင်းဖွဲ့ကြိုးး"
"ဟင်....မောင်"
"ခင်ဗျားဘာတွေတွေးနေတာလဲ"
"ဟီးဟီးးးးမောင်ကသိချင်လို့လား"
"ကျစ်......."
"နှောင်းဖွဲ့ကြိုးဆိုတဲ့ငါ့မှာဘာတွေတွေးစရာရှိနေလို့လဲ....တွေးစရာဆိုလို့မောင့်အကြောင်းဘဲရှိတာကို"
"မသိပါဘူးတစ်ခြားအကောင်တွေ
အကြောင်းများတွေးနေတာများလားလို့"
