နှောင်းပြောပြီးတာနဲ့ထကာကြိုးမဲ့တံခွန်ကိုကျောခိုင်းလိုက်ပြီးသွားဖို့လုပ်တော့လမ်းတစ်ဝက်မှာတင်ကြိုးမဲ့တံခွန်ပြောလိုက်တဲ့စကားကြောင့်လူကအလိုလိုရပ်သွားတယ်။သူပြောလိုက်တဲ့စကားက
"မောင်တို့နှစ်ယောက်အိမ်ကိုဘယ်တော့ပြန်လာမှာလဲအချစ်"တဲ့လေ။
တံခွန်ပြောလိုက်တဲ့စကားကြောင့်သူရိန်နဲ့လွှမ်းလည်းကြောင်သွားသလိုပန်းအိခင်ကလည်းတံခွန်ကိုကြောင်ကြည့်နေခဲ့သည်။
ရွှေဇင်တစ်ယောက်မုန့်ထုတ်တွေကိုင်ပြီးတံခွန်ကိုတစ်လှည့်နှောင်းကိုတစ်လှည့်ကြည့်နေမိတယ်။သူ့ရဲ့နားကိုဆေးခန်းသွားရတော့မယ်ထင်တယ်။ဟုတ်တယ်လေ....နှောင်းကိုကြိုးမဲ့တံခွန်မချစ်ဘူးဆိုတာသူတို့လက်ထပ်ထားတာကိုသိတဲ့လူတိုင်းသိတယ်။အခုနှောင်းကိုမချစ်ဘူးဆိုတဲ့ကြိုးမဲ့တံခွန်ကနှောင်းကိုအချစ်လို့ခေါ်လိုက်တယ်လေ။
*အားးးးးးးးအချစ်တဲ့မာမီရေ....သမီးမြန်မာပြည်လာလိုက်တာမှန်သွားပြီးးးးးး*
နှောင်းအရှေ့ပြန်လှည့်လာပြီးကြိုးမဲ့တံခွန်အနားသွားကာ
"ငါတို့နှစ်ယောက်ရဲ့အိမ်ဆိုတာဘယ်အိမ်ကိုပြောတာလဲကြိုးမဲ့တံခွန်...ငါသိသလောက်တော့အဲ့အိမ်မှာငါတစ်ယောက်ထဲနေတာပါ"
တံခွန်သွေးထွက်နေတဲ့ခေါင်းကိုဂရုမစိုက်နိုင်တော့ဘဲသူ့ရှေ့ကသူ့ကိုပြန်မေးနေတဲ့အချစ်ရဲ့မျက်နှာကိုကြည့်ကာပြောလိုက်သည်။
"မောင်တောင်းပန်ပါတယ်"
"အားယားးးမာနကြီးလှတဲ့ကြိုးမဲ့တံခွန်ရဲ့တောင်းပန်ခြင်းကိုကြားရတာကြက်သီးတောင်ထတယ်"
"မောင်တကယ်တောင်းပန်ပါတယ်"
"ခနနေပါဉီးးမင်းအခုတောင်းပန်တာဘာအတွက်လဲ.....မင်းလုပ်ခဲ့တဲ့ဟာတွေကအရမ်းများနေလို့ဘယ်တစ်ခုအတွက်တောင်းပန်လဲဆိုတာတောင်ငါမသိတော့ဘူးးး"
"အရာအားလုံးအတွက်မောင်တောင်းပန်ပါတယ်"
"ဟက်.....Sorryဘဲကြိုးမဲ့တံခွန်ရာ.....ငါမင်းတောင်းပန်တာကိုလက်မခံနိုင်ဘူးးးးးဒါနဲ့မင်းကောင်မလေးပန်းအိခင်ခင်ဗျာမင်းဘေးနားမှာနေပြီးမျက်နှာငယ်လေးဖြစ်နေပြီးးးကြည့်လိုက်ပါဉီးမင်းအချစ်ဉီးလေးကို"