နှောင်း..ရဝေရဲ့ခွေးကိစ္စပြီးသွားတဲ့နေ့ကစပြီးမောင့်ကိုမတွေ့ရတော့ဘူး။ဒါပေမဲ့နှောင်းကြိုက်တဲ့မုန့်တွေတော့အမြဲရောက်ရောက်လာတယ်။နှောင်းမောင့်အကြောင်းတွေးနေတုန်းမှာဘဲဖုန်းလာလို့ကြည့်လိုက်တော့ဖိုးဖိုးဖြစ်နေတယ်။
ring ...ring....ring
"Helloဖိုးဖိုးးး"
"နေကောင်းလားးမြေး"
"ဟုတ်...ဖိုးရောနေကောင်းလားး"
"ကောင်းးပါ့.....အခုတလောဘာတွေလုပ်နေလဲမြေးး."
"နှောင်းလားးးးအိပ်တယ်...စားတယ်...TVကြည့်တယ်....အိမ်သာသွားတယ်...ပြီးရင်ပြန်စားတယ်ပြန်အိပ်တယ်လေဖိုးရဲ့"
"နှောင်းဖွဲ့ကြိုး!!!!"
နှောင်းးဖုန်းထဲကနေအော်လိုက်တဲ့ဖိုးကြောင့်အူသွားတဲ့နားကိုပိတ်ကာ
"အားးးးဘာလို့ဒီလောက်တောင်အော်တာလဲဖိုးရာ...နှောင်းနားကောင်းပါတယ်ဆို...အယ်..မဟုတ်မှလွဲရောဖိုးနားမကောင်းတော့လို့လားးးအဲ့ဆိုအခုချက်ချင်းဘဲဆေးခန်းသွားနေည်ဖိုးးမဟုတ်ရင်နားကန်းသွားတက်တယ်ဖိုးရဲ့"
"နှောင်းဖွဲ့ကြိုးး!!!ဘာတွေပြောနေတာလဲ"
"နှောင်းကကိုယ့်အဖိုးနားကန်းသွားမှာစိုးလို့ပါ"
"ငါ့နားကအကောင်းကြီးနှောင်းဖွဲ့ကြိုးးးးနေစမ်းပါဉီးအလုပ်မလုပ်ဘူးလားး"
"လုပ်ပါတယ်ဖိုးရဲ့...မြေးးနေ့တိုင်းဝတ်ထားတဲ့အကျီတွေလျှော်တယ်....ထမင်းချက်စားတယ်လေ...ပန်းကန်တွေဆေးတယ်....စားထားတဲ့အမှိုက်တွေကိုပစ်တယ်လေဖိုးရဲ့"
"အောင်မလေးးးလေးးးအဲ့ဒါတွေကအလုပ်လားနှောင်းဖွဲ့ကြိုးရဲ့....ငါသွေးတက်နေပြီးးနှောင်းဖွဲ့ကြိုးးးးးအသက်ကဖြင့်ကြီးလို့လင်ကရနေပြီးအခုထိအလုပ်ကမရှိသေးဘူး"
"ဟွင့်....နှောင်းအလုပ်မလုပ်လည်းရတယ်....နှောင်းမှာMommyနဲ့Daddyပေးထားတဲ့အမွေလည်းရှိတယ်။ဖိုးဖိုးပေးမဲ့အမွေလည်းရှိတယ်...ပြီးတော့နှောင်းယူထားတာBossကြီးနော်....မောင်ပိုင်တာနှောင်းပိုင်တာဘဲပေါ့ဖိုးရဲ့...လင်ပစ္စည်းမယားပိုင်...အယ်မဟုတ်သေးပါဘူးးလင်ပစ္စည်းးးးသူ့လင်ဖြစ်တဲ့နှောင်းဖွဲ့ကြိုးပိုင်လေဖိုးရဲ့"