နှောင်းမောင့်အိမ်ရောက်တာနဲ့အိမ်ရှေ့မှာမောင့်ဒယ်ဒီနဲ့မာမီကစောင့်နေကြတယ်။နှောင်းကားပေါ်ကဆင်းတာနဲ့မောင့်မေမေကနေပြီးတော့နှောင်းကိုဖက်ကာ
"အောင်မလေးကြည့်စမ်းငါတို့သားငယ်နှောင်းလေးကချောလိုက်တာကွယ်"
"ဟီးဟီးးးမာမီထက်တော့မချောပါဘူးဗျာ"
တံခွန်သူ့အရှေ့မှာသူ့မာမီ့ကိုချွဲနေတဲ့လူကြောင့်အမြင်ကကပ်လာသည်။
"မသိရင်သူ့အမေကျနေရော...စောက်မြင်ကိုကပ်ဖို့ကောင်းတယ်"
နှောင်းမာမီတို့နဲ့စကားပြောနေတုန်းမောင့်ကိုကြည့်လိုက်တော့ကားပေါ်ကအထုတ်တွေချနေပြီးပါးစပ်ကနေလည်းပွစိပွစိပြောနေသောကြောင့်နှောင်းမောင့်အနားသွားကာ
"မောင်....ဘာတွေပြောနေတာလဲ"
"လီးဘဲ...ခင်ဗျားအလုပ်လားးသွားအနားမလာနဲ့"
"ကိုယ့်ယောကျာ်းကိုပြောနေမောင်.....မောင်အဲ့လိုတွေပြောနေလည်းကိုယ်နဲ့ညားမှာကညားမှာဘဲမောင်ရဲ့"
"တောက်.....သွားတော့ခင်ဗျားမျက်နှာမြင်ရတာကျက်သရေကိုမရှိဘူး"
"အေးပါ....ကိုယ်ညကျမှကြက်သရေစားလိုက်မယ်နော်.....မောင်ကကိုယ့်ကိုကျက်သရေမရှိဘူးပြောနေလို့လေ"
"ကျစ်.....ခင်ဗျားဝေးဝေးသွားစမ်းးး"
နှောင်းသူ့ရှေ့ကမျက်နှာတွေနီလာတဲ့အထိဒေါသထွက်နေတဲ့မောင့်ကြောင့်ပြောချင်တဲ့စကားကိုအမြန်ပြောပြီးအထဲဝင်ပြေးတော့သည်။
"အာဘွားးးးနော်မောင်"
နှောင်းအထဲရောက်တာနဲ့မာမီကနေပြီးတော့အနားခေါ်ကာ
"သားနှောင်းလေးမာမီနားလာထိုင်"
"ဟုတ်ကဲ့မာမီ"
ဒေါ်သူဇာသူ့ဘေးကသားနှောင်းကိုကြည့်ပြီး
"မာမီ့သားမက်လေးကချစ်စရာလေးကွယ်...ပါးဖောင်းဖောင်းနဲ့အသဲယားစရာလေး"
"ဟီးဟီးးးးးးသားပါးကပေါင်မုန့်ဖြစ်နေတာမာမီရဲ့"
ဝတ်မှုံသူ့ရှေ့ကမာမီနဲ့စကားပြောနေတဲ့ကိုငယ်ကိုကြည့်လိုက်တော့တကယ်ကိုချစ်စရာကြီး။ရီလိုက်တိုင်းပေါ်လာတဲ့ပါးချိုင့်လေးနဲ့ပါးဖောင်းဖောင်းလေးကြောင့်အသဲယားစရာဖြစ်နေတယ်။မျက်လုံးကဝိုင်းစက်နေပြီးနှာခမ်းကလည်းပန်းရောင်သန်းနေတယ်လေ။ပါးပေါ်ကသွေးကြောတွေတောင်မြင်နေရတဲ့အထိအသားကဖြူအုနေရော...ကိုကြီးနဲ့ကျီးကန်းနဲ့ဘဲဉဖြစ်နေမှာ။ဟီးဟီးးကျီးကန်းကိုကြီးနဲ့ဘဲဉကိုငယ်.....။
