Ep-3

848 60 13
                                    

ကျွန်တော့်နာမည်ကနှောင်းဖွဲ့ကြိုး။မိဘတွေကတော့ငယ်စဉ်ကတည်းကဆုံးပါးသွားပြီးဖြစ်လို့မာမီရဲ့ဖေဖေကဘဲနှောင်းကိုစောင့်ရှောက်ပေးခဲ့တယ်။နှောင်းဘဝမှာအချစ်ကိုလုံးဝအယုံကြည်မရှိခဲ့ဘူး...ဒါပေမဲ့တစ်နေ့တော့ဖိုးဖိုးကဓာတ်ပုံတစ်ပုံနှောင်းကိုပေးပြီးဒီပုံထဲကသူကသားငယ်လေးလက်ထပ်ရမဲ့သူတဲ့လေ။အချစ်ဆိုတာဘယ်တော့မှမရှိလာစေရဘူးလို့အမြဲပြောနေတဲ့နှောင်းဖွဲ့ကြိုးဆိုတဲ့ကိုယ်ကဓာတ်ပုံလေးတစ်ပုံကြောင့်အချစ်ကိုရှာတွေ့ခဲ့တယ်။နှောင်းနှလုံးသားပိုင်ရှင်ရဲ့နာမည်ကကြိုးမဲ့တံခွန်တဲ့။အဲ့ကတည်းကနှောင်းနှလုံးသားပိုင်ရှင်ကိုပေးထားတဲ့နာမည်လေးက'မောင်'တဲ့။မောင်လို့တစ်ခါခေါ်လိုက်တိုင်းအဆက်မပျက်ခုန်လာတဲ့နှလုံးသားလေးကြောင့်
မောင့်ကိုနှောင်းဘယ်လောက်ချစ်မိသွားကြောင်းသက်သေပင်။မောင့်အကြောင်းတွေစုံစမ်းကြည့်လိုက်တော့နှောင်းနှလုံးသားနာကျင်စေမဲ့အကြောင်းလေးရှာတွေ့ခဲ့တယ်။အချစ်ဉီးတဲ့လေ.....မောင်ကသူငယ်စဉ်ကချစ်ခဲ့တဲ့အချစ်ဉီးလေးကိုစောင့်နေတာတဲ့။နှောင်းမောင့်အချစ်ဉီးအကြောင်းသိပြီးတာနဲ့မောင့်ကိုစိတ်မချတော့တာကြောင့်ဖိုးဖိုးကိုမောင်နဲ့လက်ထပ်ပွဲကိုအမြန်စီစဉ်ပေးဖို့ပူဆာခဲ့တယ်။ဖိုးဖိုးကလည်းနှောင်းကိုအရမ်းချစ်တော့နှောင်းပူဆာတဲ့အတိုင်းလုပ်ပေးခဲ့တယ်။အဲ့ဒီလိုနဲ့နှောင်းကမောင့်ဆီရောက်လာခဲ့တယ်။ဒီကိုရောက်တော့လည်းနှောင်းတွေးထားတဲ့အတိုင်းမောင်ကလက်ထပ်ပွဲကိုလက်မခံခဲ့ဘူး။မောင်လက်မခံလည်းနှောင်းလက်ထက်ပွဲကိုရအောင်လုပ်ခဲ့တယ်။
မောင့်ဆန္ဒနဲ့မောင့်အချစ်တို့မပါဝင်တဲ့လက်ထပ်ပွဲလေးတစ်ခုဖြစ်တည်လာခဲ့သည်။

တိတ်ဆိတ်နေတဲ့စကားဝိုင်းတစ်ခု....ထိုစကားဝိုင်းမှာတော့လူသုံးယောက်ရှိနေခဲ့တယ်။ထိုလူသုံးယောက်ကတော့ကြိုးမဲ့တံခွန်နဲ့နှောင်းဖွဲ့ကြိုး...နောက်ဆုံးတစ်ယောက်ကတော့သူတို့နှစ်ယောက်ကဒီနေ့ကစပြီးသက်ဆိုင်ကြောင်းဆုံးဖြတ်ပေးမဲ့ရှေ့နေတစ်ယောက်။သူတို့သုံးယောက်ရဲ့အလယ်မှာတော့စာချုပ်လေးတစ်ခု...တစ်နည်းအားဖြင့်နှောင်းဖွဲ့ကြိုးဆိုတဲ့သူကကြိုးမဲ့တံခွန်ရဲ့သက်ဆိုင်သူဖြစ်သွားစေတဲ့လက်ထပ်စာချုပ်လေးးး။ခနကြာတော့ရှေ့နေရဲ့သက်ပြင်းချသံနဲ့အတူ

မောင်......ဟုခေါ်သည်(ရပ်နား)Where stories live. Discover now