တံခွန်companyမသွားဖြစ်တာတစ်ပတ်ရှိနေပြီး။နောင်းဖွဲ့ကြိုးနဲ့ပြသနာတက်ပြီးကတည်းမသွားဖြစ်ခဲ့တာ။နှောင်းဖွဲ့ကြိုးကိုပြသနာဖြစ်တဲ့နေ့စပြီးလုံးဝမတွေ့ရတော့ဘူး။အဝတ်အစားတွေအကုန်ယူပြီးပျောက်သွားတာ။အမှန်တိုင်းဆိုတံခွန်ပျော်ရမှာပေါ့။သူကွာရှင်းချင်နေတဲ့သူထွက်သွားလို့လေ။ဒါပေမဲ့တံခွန်မပျော်ဘူးဖြစ်နေတယ်။အိမ်ရဲ့နေရာတိုင်းမှာမြင်နေရတဲ့သူ့ပုံရိပ်တွေကတံခွန်ကိုဒုက္ခပေးနေတယ်။မနက်ရောက်တာနဲ့ရေချိုးခန်းထဲကထွက်တာနဲ့အဝတ်ထုတ်ပေးထားပြီး..အောက်မှာမနက်စာစားဖို့စောင့်နေမယ်နော်မောင်လို့ပြောနေကျဖြစ်တဲ့စကားတွေကိုတံခွန်လွမ်းေနမိသည်။
"ကြည့်ရတာအတူနေတာများသွားလို့ထင်တယ်"
တိတ်ဆိတ်ပြီးမဲမှောင်နေတဲ့အခန်းလေးတစ်ခန်း၊ထိုအခန်းလေးထဲကနေပြီးတော့ထွက်ပေါ်လာတဲ့သံစဉ်တွေကြောင့်အခန်းထဲမှာရှိနေတဲ့သူရဲ့ခံစားချက်ကိုပိုပြီးထင်သာနေစေတယ်။ထိုသံစဉ်တွေနဲ့တူဝမ်းနည်းစရာေကာင်းတဲ့သီချင်းလေးထွက်လာခဲ့သည်။
"မချစ်ချင်တော့ပါဘူးဒီရင်ဟာနာလွန်းပြီး
လှည့်စားခံရတာများလွန်းလို့ငါအရူးတစ်ပိုင်းဖြစ်နေပြီး
မချစ်ချင်တော့ပါဘူး ဒီရင်အစုံပြိုလဲပြီး
ငါ့ရင်ထဲမှာအသည်းကတစ်တစဆီထပ်ကွဲစရာမရှိပြီ
ပိုင်ဆိုင်သမျှဒီအချစ်များအကုန်အစင်ငါပေးဆပ်မိတာ
ငါအမှားလားးဒီအချစ်ကမှားနေလား
အစွဲလမ်းကြီးတဲ့အကျင့်တွေသည်
ဒီတစ်ခါတကယ်မှားပြီ
စွန့်သွားရက်လည်းမနာကျည်းနိုင်ပဲ
ရင်မှာသေရာပါသွားပြီ
မျက်စိမှိတ်လို့ချစ်နေမိဒါအကုန်မှားပြီး
လှည့်စားနေမှန်းငါသိလျက်ချစ်တော့မှားပြီး
မချစ်ချင်တော့ပြီ"
ထွက်လာတဲ့သီချင်းသံစဉ်တွေကိုကြားလိုက်တော့နှောင်းရီလိုက်မိသည်။မောင်...ငါလည်းဒီသီချင်းလေးအတိုင်းမောင်းကိုမချစ်ချင်တော့ဘူး။ငါနာကျင်ရလွန်းလို့ပါမောင်....ငါ့ဖက်ကမောင့်ကိုဘယ်လောက်ဘဲဆွဲထားဆွဲထားမောင်ကငါဆွဲထားတဲ့ကြိုးလေးအမြဲဖြုတ်ချခဲ့တယ်။မောင်ဖြုတ်ချလိုက်တိုင်းလည်းနှောင်းဖွဲ့ကြိုးဆိုတဲ့ငါကအရှက်မရှိပြန်ဆွဲခဲ့ပြန်တယ်။ဒါေပမဲ့ဒီတစ်ခါတော့ငါမဆွဲထားတော့ဘူးမောင်။ဒီထက်ထက်ဆွဲရင်ငါသေဖို့ဘဲရှိတော့တယ်။နှောင်းဖွဲ့ကြိုးဆိုတဲ့ငါကမာနတွေခဝါချပြီးမောင့်ကိုချစ်ခဲ့တယ်...ဒါပေမဲ့ဒီတစ်ခါတော့ငါမချစ်ချင်တော့ဘူးမောင်......