နှောင်းခန်းမထဲကထွက်ပြီးတာနဲ့ရဝေရှိတဲ့ဆေးရုံကိုပြန်လာခဲ့လိုက်သည်။ဟိုရောက်တော့အခန်းထဲမှာဆရာဝန်တွေနဲ့ရှုပ်နေတာတွေ့လိုက်တော့စိတ်ပူကာအခန်းထဲအမြန်ဝင်သွားတော့နှောင်းကိုပြုံးပြနေတဲ့ရဝေကိုတွေ့လိုက်ရသည်။ကျချင်နေတဲ့မျက်ရည်တွေကိုအမြန်သိမ်းလိုက်ပြီးးး
"ဆရာကျွန်တော့်သူငယ်ချင်းအဆင်ပြေရဲ့လားဗျ"
"အဆင်ပြေတယ်နှောင်း....ဒါပေမဲ့ဆေးရုံမှာတစ်ပတ်လောက်နေစေချင်တယ်"
"ဟုတ်ကဲ့ဆရာ"
ဆရာဝန်ထွက်သွားတာနဲ့ရဝေအနားအမြန်သွားကာဆွဲဖက်လိုက်ပြီးး
"အီးဟီးးးးငါ့သူငယ်ချင်းလေးမသေသေးဘူးဟဲ့.....အီးဟီးးးးးသူငယ်ချင်းလေးရယ်"
ရဝေသူ့ကိုရုတ်တရက်ကြီးဖက်ပြီးငိုနေတဲ့နှောင်းကြောင့်
"အေးမင်းအဖေငါမသေသေးဘူး"
"အေးအေးးးမသေသေးရင်ပြီးရော"
"ဒါနဲ့ငါမေးပါဉီးမယ်နှောင်းးးခုနကအခန်းထဲဝင်လာခြင်းခြင်းမင်းငိုတော့မယ်လေ....အဲ့တာဘာလို့မငိုတာလဲ"
"ဟမ်.....အဲ့တာလားးငါ့မျက်ရည်တွေကိုပြန်သိမ်းလိုက်တာလေ"
"ဘာလို့လဲ....ကိုယ့်သူငယ်ချင်းကအခုမှသတိရလာတာကိုသူများတွေလိုမျိုးးငိုပြီးလာဖက်ရမှာမဟုတ်ဘူးလားး"
"မင်းကလဲ....ငါဝင်လာတုန်းကဆရာဝန်တွေရှိနေတယ်လေ.....ပြီးတော့ငါဝတ်ထားတဲ့ပုံကိုကြည့်စမ်းးဘယ်လောက်မိုက်လဲ.....အဲ့လိုမျိုးခပ်မိုက်မိုက်ဝတ်ပြီးငိုရင်ရှက်စရာကြီးလေ.....မျက်ရည်တွေနဲ့ငါမမိုက်ဘဲနေသွားမှာပေါ့ဟ"
"မအေဘေးလေးးးး"
"ဟေ့ကောင်....ခုနကမှငရဲကပြန်လာတာအခုပြန်သွားချင်လို့လားး"
"စောက်ရူးးးး"
နှောင်းသူ့ရှေ့ကရဝေကိုကြည့်နေမိသည်။ရဝေမပျော်တာကိုပျော်အောင်နေမှန်းသိသာနေသည်။နှောင်းသက်ပြင်းချကာရဝေရှေ့ကခုံမှာဝင်ထိုင်လိုက်ပြီးးး
"ငါအခုအကိုလင်းကိုရဲ့weddingကနေပြန်လာတာ"
"အင်းးးးငါသိတယ်....ငါ...ငါ့ကိုသူ့သစ္စာဖောက်ရက်တယ်နှောင်းရယ်"