Belong With You
အပိုင်း (1)
"ဟီးးဟီးး...😭😭😭"
ခြံထောင့်သစ်ပင်ကြီးအောင် မတ်တပ်ရပ်ကာ အော်ဟစ်ငိုနေသော 10နှစ်အရွယ် ကလေးလေးတစ်ယောက်
တဘုန်းဘုန်းနဲ့ ခန္ဓာကိုယ်ပေါ်ရောက်လာတဲ့ ဘောလုံးကြောင့် လက်နှစ်ဖက်ကို ရှေ့ယှက်ကာ ဘယ်တလှည့် ညာတလည့်ရှောင်ရှားရင်းငိုနေတယ်
မငိုဘဲရော နေနိုင်မှာလား?
လူတယောက်ကို မတ်တပ်ရပ်ခိုင်းပြီး ခပ်လှမ်းလှမ်းကနေ ဘောလုံးနဲ့တချက်ပြီးတချက် ကြုံးကန်နေတဲ့ Saint ကြောင့် Perth မှာ အကူအညီမဲ့စွာငိုနေရပြီ
(ကိုကို တော်ပါတော့ဗျာ သားအရမ်းနာနေပြီ တောင်းပန်ပါတယ် ရပ်ပါတော့) ... စိတ်ထဲက အကြိမ်ကြိမ်တောင်းပန်ပေမဲ့ နှုတ်ကတော့ ထွက်ဟလို့မပြောရဲဘူး
တားရင်ပိုလုပ်တတ်တဲ့ Saint အကြောင်းကို 7 နှစ်လောက် အတူနေလာခဲ့တဲ့ Perth အသိဆုံးပဲ
ထိုအချိန် ခြံထဲကို ကားတစီး၀င်လာပြီး အပြေးအလွှားဆင်းလာတဲ့ အန်တီ Nuk က
"ဟဲ့.... Saint.. နင် အဲဒါဘယ်လိုလုပ်တာလဲ..ရပ်စမ်း"
ပြောရင်းပြေးလာကာ Saint လက်မောင်းကို ဆွဲပြီး
"နင့်ကို ငါဘယ်နှစ်ခါပြောရမလဲ... ညီလေးကို အဲလို အနိုင်မကျင့်နဲ့လို့ပြောတာ နင်လူလိုနားမလည်ဘူးလား.. လာခဲ့နင်.. သား Perth .. အခန်းထဲသွား .. အန်တီ ဒီကောင့်ကိုဆုံးမပြီးရင် ဆေးလာလိမ်းပေးမယ်နော်"
ဆွဲခေါ်ထွက်သွားတဲ့ သားအမိ ခပ်လှမ်းလှမ်းရောက်မှ ကျောမှီရပ်ထားတဲ့ သစ်ပင်ကနေ ဖြေးဖြေးချင်း ထိုင်လိုက်ပြီး ပုဆစ်တုပ်ကာ ဒူးနှစ်ဖက်ပေါ် ခေါင်းတင်ပြီး ရှိုက်ငိုနေရင်း Perth ခေါင်းထဲ လွန်ခဲ့တဲ့ ခုနှစ်နှစ်တာ အချိန်တွေက တဖြေးဖြေးပြန်လည်ထင်ဟပ်လာခဲ့တယ်။
လွန်လေပြီးသော ခုနှစ်နှစ်က
Saint ဖေဖေပွဲရုံမှာ ကုန်သင်္ဘောနောက် ကုန်တင် ကုန်ချ လိုက်တဲ့ ဖေဖေ...
နယ်ဘက်ကုန်ပို့ရင်း တဖက်သင်္ဘောရဲ့မဆင်မခြင် မောင်းနှင်မှုကြောင့် ဖေဖေတို့ သင်္ဘော တိမ်းမှောက်မှု ဖြစ်ခဲ့ပြီး ဖေဖေလည်း ပင်လယ်ထဲမှာတင် ပျောက်ချင်းမလှပျောက်သွားခဲ့တယ်