16

59 7 0
                                    

Belong With You

အပိုင်း (16)

27.3.2019 , 1:30AM

အိပ်တ၀က်နိုးတ၀က်နဲ့ ငြီးသံလိုလိုကြားနေရတာက အိပ်မက်လိုလို တကယ်လိုလို

အိပ်မက်မဟုတ်ဘူးလို့ခံစားမိလို့ မျက်လုံးဖွင့်နားစွင့်လိုက်တော့ ကိုကို့အခန်းက ငြီးသံ

စိတ်ပူသွားတာကြောင့် အိပ်ရာကထပြီး အခန်းပြင်ထွက်ကာ Saint အခန်းရှေ့နားလေးကပ်ကာ နားထောင်မိတယ်

"ဟင်းး~~ဟင်း~~~"

Saint ငြီးသံမှန်း သေချာသွားတော့ တံခါးကို အမြန်အဆန်ဖွင့်ကာ ကုတင်နားဆီ အပြေးသွားလိုက်တယ်

"ဟာ... တခန်းလုံးလည်း အေးစိမ့်နေတာပဲ"

ပြောရင်း Air Con ကို ပိတ်လိုက်တယ်

ပြီးတော့ Saint ကို ကြည့်တော့ ကျောင်း ယူနီဖောင်းမလဲရသေးဘဲ ခန္ဓာကိုယ်ကို ကွေးကာ အဆက်မပြတ်ငြီးငြူနေတာကြောင့်

Perth က Saint နဖူးပေါ်လက်တင်ပြီးစမ်းလိုက်တယ်

"ဟာ .. ကိုယ်တွေအရမ်းပူနေပါလား"

ချက်ချင်းပဲ Perth ဘီရိုနားသွားပြီး ည၀တ်အင်္ကျီချည်သားတစုံရယ်

ပုဝါအသေးတခု နဲ့ မျက်နှာသုတ်ပုဝါတခုကိုယူလိုက်တယ်

ပြီးတော့ Wall Mounted Shelf (နံ၇ံကပ်စင်) ပေါ်မှာရှိတဲ့ First Aid (ဆေးသေတ္တာ) ထဲက Thermometer 🤒 နဲ့အတူ acetaminophen (အဖျားပျောက်ဆေးတမျိုး) ကိုယူပြီး Saint ရဲ့ ကုတင်ဘေး Bed Side Table (စားပွဲခုံ) တင်ထားလိုက်တယ်

ပြီးတော့ Saint ရဲ့ဘေး ကုတင်ပေါ်မှာထိုင်ပြီး

"ခင်ဗျား အဆင်ပြေရဲ့လား"

"အင်း..."

ဖြေသံတိုးတိုးကြားရတော့

Thermometer လေးကို ပါးစပ်ထဲ ထည့်ပေးလိုက်တယ်

ခဏကြာတော့ ကြည့်လိုက်ချိန်မှာ အဖျားက 102 ံF

"ဟာ.. "

ကျွန်တော်အရမ်းစိတ်ပူသွားတယ်

ကျွန်တော် ကုတင်ပေါ်က ချက်ချင်းထကာ အိမ်အောက်ထပ်ဆင်းပြေးပြီး ရေခဲသေတ္တာထဲက ရေခဲတုံးခဲလေးတွေကို ဇလုံတခုထဲ ထည့်ကာ အပေါ်ထပ်ပြန်ပြေးတက်လာတယ်

Belong With You ❤️🖤Where stories live. Discover now