6

71 8 0
                                    

Belong With You

အပိုင်း(6)

SWU ၀င်ခွင့်အောင်သွားပြီဖြစ်တဲ့ Perth လည်း အခုဆို Saintနဲ့အတူ ကျောင်းအတူတူဖြစ်နေပြီမို့
တယောက်နဲ့တယောက် ကျောင်းထဲဖြစ်ပျက်သမျှ အခြေအနေအားလုံးကို သိရတာပေါ့

ကျောင်းအတူတူအခြေအနေမှာ ဒုက္ခရောက်တာက Perth ပဲ

Perth ကျောင်းမရောက်ခင်က ဘယ်လိုစားသောက်နေထိုင်လဲ မသိဘူး

အခုတော့ နေ့လည်စားချိန်လည်း သူစားချင်တာ ဖုန်းဆက်ပြောရင် သွားပို့ပြီးမှ Perth စားဖြစ်တယ်

ဒါက တခဏလေးမဟုတ်ဘူး စာသင်ချိန်လည်း စာသင်ချိန်မို့ ဟိုဟာ၀ယ်လာပေးစမ်း ဒီလာ၀ယ်လာပေးစမ်း ဆိုလို့အတန်းပြေး သွား၀ယ်ပေးရတာက ရေတွက်လို့တောင် မနိုင်ဘူး

အခုလည်း Green Tea တဲ့ တော်သေးတာပေါ့ အတန်းချိန်မရှိလို့

"၀ယ်ပြီးသွားပို့ရဦးမယ် ငါ့ကိုက ဒီကျောင်းရွေးတာမှားတာ"

"မင်းကလည်းကွာ .. တသက်လုံးလုပ်ပေးလာရပြီး အခုမှပြောမနေနဲ့တော့ . မင်းနဲ့ပေါင်းတာ ငယ်ငယ်ထဲက ငါပါ ကျွန်၀ယ်ရာအဆစ်ပါတယ်.. ဟားးဟားး အခုတော့ Tin နဲ့ ChaAm ပါ အဆစ်ပါပြီ"

Perth ရဲ့ အပြောကို Can က ၀င်ပြောရင်း သူငယ်ချင်းကသစ်ဖြစ်တဲ့ Tin နဲ့ChaAmကိုပါ စနေတယ်

"နင့်အကို စိတ်ပုပ်ကို ကြာလေကြာလေ မေတ္တာတုံးလေပဲ"

"အဲဒါ ဟုတ်တယ် ကျောင်းမှာလည်း ချောတာနဲ့စာတော်တာပဲ နာမည်ကောင်းရှိတယ် ကျန်တာတော့..."

ChaAm ပြောတာကို ထောက်ခံလိုက်တဲ့ Tin က သူပါ ၀င် ဝုန်းရင်း အဆုံးသတ်ကို နှုတ်ခမ်းရွဲ့ ပုခုံးတွန့်ကာပြောလိုက်တယ်

ChaAm ကလည်း

"နင်နဲ့တော့ တခြားစီပဲ.. နင့်ရဲ့ကောင်းတဲ့စိတ်လေး တ၀က်လောက် သူ့ကိုပေးလိုက်ပါလား"

"ငါနဲ့မတူပေမဲ့ ငါ့အကိုက စိတ်ဓါတ်မကောင်းတာတော့ မဟုတ်ပါဘူးဟာ.. သဘောကောင်းပါတယ်.. သူ့ခံစားချက်နဲ့သူမို့သာ အခုလိုဖြစ်နေတာပါဟာ"

"မဖြစ်နိုင်တာ.. ချီးစားပြောတောင် နင်ကြိုက်လို့ပဲဖြစ်မယ်.. မယုံဘူး."

Belong With You ❤️🖤Where stories live. Discover now