Belong With You
အပိုင် (30) Bonus Scene
လေယဉ်ထဲ၀င်ဖို့ လက်မှတ်စစ်ဖို့ တန်းစီစောင့်နေရင်းနဲ့
စိတ်အာရုံတွေက ထွေပြားနေတယ်
ဒါက တကယ် ကျောခိုင်းရတော့မှာလား?
ကျွန်တော် လက်ခံနိုင်ဖို့ သတ္တိတွေ ကြိုးစားမွေးမြူနေရတယ်
ခြေတလှမ်း လှမ်းလိုက်တိုင်း တချက်နာကျင်သွားတဲ့ နှလုံးသားက
ကျွန်တော့်ကို ဒုက္ခပေးနေတယ်
ဘာလဲ
ကျွန်တော် ဘာဖြစ်နေတာလဲ?
ကျွန်တော် ဒီလောက်ပဲ ပျော့ညံ့နေရလား?
ကျွန်တော့်အချစ်အတွက် ကျရှုံးခဲ့ပြီးပြီလေဘာမှ မပြောင်းလဲနိုင်တဲ့အခြေအနေကို ဘာလို့ လက်မခံနိုင်ဖြစ်နေတာလဲ?
ကျွန်တော် ဘာလုပ်ချင်နေတာလဲ?
ကျွန်တော် ဘာဖြစ်နေတာလဲ?
ကျွန်တော် .. ကျွန်တော်..
လက်ထဲက Boarding Pass ကို လှမ်းပေးနေတဲ့လက်က လမ်းတ၀က်မှာရပ်သွားတယ်
လေယဉ်မယ်က လှမ်းဆွဲယူတာကို ကျွန်တော် လွှတ်မပေးပဲ ပြန်ဆွဲထားမိတယ်
ဘာလဲ ဆိုတဲ့ အကြည့်နဲ့ ကြည့်နေတဲ့ လေယဉ်မယ် လက်ထဲက Boarding Pass ကို ပြန်ဆွဲယူလိုက်ပြီး
လာရာလမ်းအတိုင်း ပြန်လှည့်ပြေးလိုက်မိတယ်
မရပ်မနားကို ပြေးထွက်လာမိတာ
'Perth
ကိုကို မင်းကို ဒီတိုင်း မထားခဲ့နိုင်ဘူး
အနည်းဆုံးတော့ ကိုကို မင်းကိုချစ်တာ ၀န်ခံခဲ့ချင်တယ်ကိုကို့အချစ်ကို မင်းကို ပေးသိချင်တယ်
မင်းချစ်နိုင်သည်ဖြစ်စေ မချစ်နိုင်သည်ဖြစ်စေ
ကိုကို မလိုအပ်ဘူး
ကိုကို့အချစ်ကို ဖွင့်မပြောပြခဲ့ရရင်သာ ကိုကို တသက်လုံးနောင်တရနေမှာ
မင်းကို အရမ်းချစ်တာကို မင်းကို ပေးမသိရဘဲ ကိုကို ထွက်မသွားနိုင်ဘူး.. ကလေး'