Belong With You
အပိုင်း (8)
တခါတရံ ဥပေက္ခာဆိုတဲ့ အရာက ခါးသီးတယ် ဆိုတာ Perth ရဲ့အပြုအမူတွေကြောင့် နားလည်ပါပြီ
Perth နဲ့ စကားမပြောတာ ကျောင်းထဲက ပြသနာဖြစ်ပြီးတည်းကဆို တလနီးပါးရှိတော့မယ်။
Perth က သူ့တာ၀န်တွေကို မပျက်မကွက်လုပ်ပေးနေပေမဲ့ စကားကောင်းကောင်းပြန်မပြောတော့ဘူး။
မေးတခွန်း ဖြေတခွန်းပဲ
ကျွန်တော်ကိုယ်တိုင်လည်း နူးနူးညံံ့ညံ့စကားမဆိုတတ်တော့ Perth ပြောင်းလဲတာသိပေမဲ့ မမေးမိသလို
သူ့ကို စကားပြောဖို့ ကြံလိုက်တိုင်းလည်း ပါးစပ်က ထွက်သွားတာက တခုမဟုတ်တခု အပေါ်စီးက ခိုင်းလိုက်မိတာပဲ
မာမီကလည်း အခြေအနေကို သတိထားမိလို့
"Saint.. ပုံမှန်အခြေအနေမဟုတ်တာက ကောင်းတဲ့ဖြစ်စဉ် ဖြစ်လာဖို့ လမ်းစနည်းတယ်နော်" တဲ့
မာမီဘာပြောလဲ နားမလည်ပေမဲ့ ဒီတိုင်းပဲ နားထောင်လိုက်တယ်
ဒါပေမဲ့ ဒီပြသနာကို ဘယ်လိုဖြေရှင်းရမလဲ Saint မသိဘူး
တောင်းပန်လိုက်ရမှာလား
တသက်လုံး အနိုင်ကျင့်ခဲ့သမျှကို ပြင်ဆင်လိုက်ရမှာလား
ဒါမှမဟုတ် မသိသလိုပဲနေရမှာလား
အရှေ့မှာ ကားရေဆေးပေးနေတဲ့ Perth ကိုကြည့်လိုက် လက်ထဲက စာအုပ်ကို ဖတ်လိုက် တွေးလိုက်နဲ့ တယောက်ထဲ ဗျာများနေတဲ့ Saint ကို Perth မမြင်ချင်ယောင်ဘဲ ဆောင်နေပြီး ကားရေဆေးနေလိုက်တယ်။
"Perth.."..
ခေါ်တုန်းကတော့ စကားအေးအေးလူလူပြောပြီး ပြေလည်ချင်တာမို့ အသံက မတင်းလွန်း မပျော့လွန်းပေမဲ့
Perth က ဘာခိုင်းမလို့လဲ ဆိုတော့ မျက်နှာပုံစံနဲ့ လှမ်းကြည့်လာတော့ ပြောမဲ့စကားက လည်ချောင်းထဲမှာတင် လမ်းကြောင်းပြောင်းသွားတယ်။
"မင်း ကားရေဆေးတာ မပြီးနိုင်တော့ဘူးလား... ဒီတသက်ပြီးဦးမှာလား"
"ဒါပြီးရင် ဘာခိုင်းမလို့လဲ"
နဂိုလို သား လို့ မပြောတော့တာ ကြာနေပြီ။