Belong With You
အပိုင်း (15)
26.03.19
အိမ်ကကိုယ်တော်ကို ဖြစ်ချင်၇ာဖြစ်ထားခဲ့ပြီး ကျောင်းအရင်ထွက်လာခဲ့တယ်
(ဘာတဲ့.. ဘယ်တော့ပြန်ချစ်မှာလဲတဲ့.. သူကေ၇ာဘယ်တုန်းကငါ့ကိုချစ်လို့လဲ.. သူ့လိုလူ ရင်ထဲအချစ်ဆိုတာရှိလို့လား? .. ငါ့အပေါ်ဆိုပိုလို့တောင်မရှိသေးတာကို ငါ့ကိုကျ ချစ်စေချင်သေးတယ်.. ဟွန့်)
တွေးရင်းလမ်းလျှောက်လာတာ
Canteen မှာ ကျွန်တော်ရဲ့ သူငယ်ချင်းဗ၇ုတ်သုတ်ခတသိုက် အသံပေါင်းစုံနဲ့ အော်ဟစ်ရင်း စားသောက်နေတာ တွေ့မှ အတွေးရပ်တော့တယ်
"O.M.G.... ကျားသားမိုးကြိုးအတန်းချိန်မတိုင်ခင် ရောက်လာပါလားဟ...ဒီနေ့ဘုရားပွင့်မှာလား...မိုးရွာမှာလား...ဟားးးးးးးးးးးး"
"မင်း.. ယောက်ျားယူမှာလေ ဒီနေ့ ...."
Can ရဲ့စနောက်တာကို ပြန်ချေပရင်း Perth လွတ်နေတဲ့ ChomPo ဘေး၀င်ထိုင်လိုက်တယ်
"မင်းဘာစားမလဲPerth ..ငါ၀ယ်လာပေးမယ် .. ငါအအေးသွားမှာမလို့.."
"ငါ့ကို .. Green Tea လေးတခွက်လောက်ပဲ ဆွဲလာပေး..ရင်ပူလို့ "
Green Tea လို့ပြောလိုက်ပြီးမှ Saint မျက်နှာပေါ်လာပြီးမသောက်တော့ဘူးတောင် စဉ်းစားလိုက်မိတယ်
မဆိုင်ပါဘူးဆိုတဲ့စိတ်နဲ့ပဲထားလိုက်တယ်
Tin ကတော့အအေး၀ယ်ဖို့ထွက်သွားပြီးကျန်တဲ့သူတွေကတော့စကားပြောရင်းစောင့်နေတယ်
"Perth..အတော်ပဲ ငါ့ကိုဒီ Support Beam ရဲ့ Point Load တွက်တာလေး ပြန်ရှင်းပြပါဟာ.. ငါ မတွက်တတ်တော့လို့ .."
"သြော်.. ဒါကဒီလို .. Hinged Support ဖြစ်တဲ့ RA ကနေ Moment ကိုရှာမယ် ... %%%$$$***@@@@;;;;....."
(အင်ဂျင်နီယာအသုံးအနှုန်းတွေနဲ့မို့ ဆက်ရှင်းပြမရေးတော့ဘူးနော်.. ဖတ်တဲ့သူထဲအင်ဂျင်နီယာတွေပါရင်တော့ Point Load ရှာပြီးရင် ဖြိုးနဲ့ အဖြေလာတိုက်ပါနော် 🤣🤣 စတာပါနော်)
"အယ် .. အဲဒါကနင်ရှင်းတော့လည်းလွယ်လိုက်တာ.. နင်သိပ်တော်တာပဲ.."
ပူးပူးကပ်ကပ်ထိုင်ရင်းပုခုံးပုတ်ကာပြောနေတဲ့ ChomPo ရဲ့ နားထင်ကိုလက်ညှိုးနဲ့ တချက်တွန်းလိုက်ကာ