Belong With You
အပိုင်း (14)
26.03.19
ကျွန်တော် ဒီရက်ထဲ ကိုကိုနဲ့ ရှောင်ဖို့ အမြဲ စောစောထ ပြင်ဆင်ပြီး ကိုကို မနိုးခင်ထဲက ကျောင်းကို ထွက်လာတတ်တယ်
မွေးနေ့ပြီးနောက်ရက်ထဲကဆို ကျောင်းမှာ Project ရှိလို့ Presentation ရှိလို့နဲ့ အမျိုးမျိုးအကြောင်းပြပြီး ကိုကို့အခန်း ဝေရာ၀စ္စတွေ မလုပ်ပေးတာ ဒီနေ့နဲ့ ဆို သုံးရက်ရှိနေပြီ
တအိမ်ထဲနေပြီး လုပ်နေကြအလုပ်တွေလုပ်မပေးရင်လည်း အန်တီသတိထားမိရင် မလွယ်ဘူး
အဲဒါကြောင့် ဒီနေ့တော့ ပုံမှန်အတိုင်းပြန်နေမယ်လို့ စ်ိတ်ကူးလိုက်တယ်
ကိုကိုလည်း အရူးထတာ ငြိမ်ပြီထင်တာပဲ
ကိုကို့အခန်းကို သွားဖို့ အခန်းတံခါးဖွင့်လိုက်ဆို အခန်းရှေ့တံခါးခြေရင်းမှာ့ For Perth ဆိုတဲ့ စာနဲ့ ဘူးလေးတဘူး
ဘာလဲ သိချင်စိတ်နဲ့ ဘူးလေးအနား ပုဆစ်တုပ်ထိုင်ပြီး ဖွင့်လိုက်တယ်
"Wowwwwww............"
ကျွန်တော်လိုချင်နေတဲ့ Game စက်လေး
အရမ်းသဘောကျလွန်းလို့ ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်နဲ့ ပျော်နေတဲ့ ကလေးလေး
ချစ်ဖို့ကောင်းလိုက်တာဗျာ
ဘူးလေးကို အတင်းမပြီး အခန်းထဲပြေး၀င်သွားတဲ့ ကလေးလေး ခဏနေတော့ အခန်းတံခါးပြန်ပွင့်လာပြီး
Saint အခန်းဘက်လျှောက်လာတာမို့ တံခါးချောင်းကြည့်ပေါက်မှ ကြည့်နေတဲ့ Saint
ဒေါင့်ချိုးအနေအထား အခန်းကပ်ရပ်မို့ သူေ၇ာက်မလာခင် ကုတင်ပေါ်အမြန်ပြေးတက်လိုက်၇တယ်
Perth ယူနီဖောင်း၀တ် မထားတဲ့အတွက် သေချာတယ် သူ နဂိုလို ကျောင်းဆီ သွားဖို့ မဟုတ်ဘဲ သူ့အခန်းလာမယ်ဆိုတာ ခန့်မှန်းမိနေတယ်
အတွေးမဆုံးခင်မှာတင် Saint အခန်းတံခါးပွင့်လာတာသိလိုက်တယ်
ခြေလှမ်းဖွဖွလေးနဲ့ ရေချိုးခန်းထဲ သွားတာတွေ
အသာလေး အ၀တ်ဗီရိုဖွင့်ပြီး ကျောင်း၀တ်စုံ မီးပူပြန်ချောပေးတာတွေ