Belong With You
အပိုင်း (29 - Final)
17.04.2019
ကိုကို ဘယ်နေ့ America သွားမှာလဲ မသိဘူး
ကိုယ့်အပူနဲ့ ကိုယ်မို့ မမေးမိလို့ မနက်က အန်တီကိုမေးမလို့ကို အန်တီကလည်း ညထဲက ကိုကို့ဆီသွားအိပ်တော့ မမေးဖြစ်လိုက်ဘူး
ဒီမနက်တော့ ကိုကို့ကို ရအောင် ရှာပြီးမေးရမယ်
ပြီးတော့ ကျွန်တော်စိတ်မဆိုးဘူးဆိုတာလည်း ပြောရမယ်
ခွင့်လွှတ်တယ်ဆိုတာလည်း ပြောရမယ်
ဆက်တောင်းပန်စရာမလိုဘူးဆိုတာလည်း ပြောရမယ်
ကိုက့ိုကိုရှာဖွေရင်း ဖုန်းဝင်လာတယ်
"Tin.. ပြော.."
"မင်း ဘောလုံးကွင်းက စောင့်နေ.."
"ငါ . ကိုကို့ဆီသွားမလို့ ..ဘာဖြစ်လို့လဲ"
"ငါရောက်ရင် မင်းသိမယ်.. မင်းအခုစောင့်နေ.. ငါမရောက်မချင်း အတန်းမတက်နဲ့"
"အေးအေး.."
"ဒီကောင်ကလည်း .."
ကျောင်းဆောင်ဘက်ဆက်မသွားဘဲ ဘောလုံးကွင်းဘက် ခြေဦးလှည့်လိုက်တယ်
စောင့်နေဆိုလို့သာ စောင့်နေတာ တော်တော်နဲ့ရောက်မလာဘူး
ရောက်လာတော့ Tin နောက်မှာ ကျောင်းသားတယောက်
"Perth .. မင်း ဒီကောင့်ကိုသိလား?"
"မြင်ဖူးသလိုပဲ .. သေချာမမှတ်မိဘူး .."
"ဟေ့ကောင် မင်း ငါ့ကို ဝန်ခံသမျှ အကုန်ပြန်ပြောလိုက်.. မဟုတ်ရင် မင်း လောင်းကစားဝိုင်းမှာ အကြွေးတင်နေတဲ့ ကိစ္စတွေနဲ့ ငွေလိမ်ထားတာတွေ ငါအကုန် မင်းအိမ်ကို သွားပြောမှာ.. ပြောလိုက် အမှန်အတိုင်း.."
Tin က Trump ကို ခြိမ်းခြောက်လိုက်တော့
"Perth .. ငါတောင်းပန်ပါတယ်ကွာ.. ငါ ပိုက်ဆံလိုလို့ လုပ်တာပါ.. ပြီးတော့ ငါက ChomPo ကို စိတ်ဝင်စားနေတာမို့ သူခိုင်းသမျှလုပ်မိတာပါ"
"ဘာတွေလဲ ဘာတွေပြောနေတာလဲ.."
"ဒီလိုပါ Perth .. တကယ်တော့ ChomPo က မင်းကို ပူးပူးကပ်ကပ် နေသမျှကို ငါပုံခိုးရိုက်ပြီး Aunty Nuk ကိုပေးရပါတယ်.. ChomPo လည်း အန်တီ ခိုင်းလို့ မင်းကို အားလုံးအမြင်မှာ သမီးရည်းစားလို့ ထင်အောင် အမြဲ ပူးကပ်ပြီး နေနေတာပါ.."