7

65 8 0
                                    

Belong With You

အပိုင်း (7)

Perth ကပဲ ရှောင်နေတာလား

ကျွန်တော်ကပဲ တွေ့ဖို့ လိပ်ပြာမလုံတာလား

ကျွန်တော်တို့ နှစ်ယောက်တအိမ်ထဲနေပြီး မတွေ့တာ တပတ်ကျော်နေပြီ

ကျန်ခဲ့တဲ့ တပတ်လုံး ကျွန်တော်သိသလောက် Perth ဆေးခန်းသွားချိန်ကလွဲပြီး အခန်းထဲက မထွက်ဘူး

ကျောင်းလည်း မတက်သလို ကျွန်တော် ဝေရာ၀စ္စတွေကိုလည်း

မေမေက Par Jiaw (ဒေါ်ကြီး Jiaw) လုပ်ပေးလိမ့်မယ် ပြောပြီး Par ပဲ အစစ ပြင်ဆင်ပေးနေတယ်

ကျွန်တော် သူ့ကို မနာကျင်စေချင်ပါဘူး

အကျင့်ပါနေတဲ့ ဥာဉ်ဆိုးကြောင့် အနိုင်ကျင့်နေပေမဲ့ ကျွန်တော် အန္တာရယ်ဖြစ်စေမဲ့နေရာတွေ မထိခိုက်အောင် အမြဲ သတိထားပါတယ်

အခုက ကျွန်တော်တကယ် စိတ်လွတ်သွားမိလို့သာ ဖြစ်သွားတာပါ..

စိတ်မကောင်းပေမဲ့ ကျွန်တော် တောင်းပန်ဖို့နဲ့ သတင်းမေးဖို့ကို ကျွန်တော်လုပ်ရမှာ ၀န်လေးနေမိတယ်

တောင်းပန်တယ်ဆိုတာ Saint အတွက် တခါမှလည်း ကျင့်သားရတဲ့အလုပ်မျိုး မဟုတ်ဘူးလေ

မကြိုးစားတာတော့ မဟုတ်ပါဘူး Perth အခန်းရှေ့ကို တောင်းပန်ဖို့အတွက် သွားခဲ့ပါတယ်

ဒါပေမဲ့ Perth အရမ်းနာလို့များလား ??

သူရဲ့ငြီးတဲ့အသံ ငိုတဲ့အသံကို အခန်းရှေ့က ကြားရတိုင်း ကျွန်တော် လိပ်ပြာမလုံတဲ့စိတ်နဲ့ သူ့ကို စကားသွားပြောဖို့ မဝံ့ရဲဖြစ်နေတာပါ

အိမ်လာပြီး သတင်းလာမေးတဲ့ သူ့ သူငယ်ချင်းတွေကလည်း ကျွန်တော်ကိုတွေ့ရင် ရွံသရာကောင်းတဲ့လူတယောက်လို ကြည့်ရလောက်တဲ့အထိ Perth တော်တော်များ အခြေအနေဆိုးသွားတာလား??

ကျွန်တော်အတွေးတွေ အဆုံးသတ်လို့ အိပ်ရာက ထဖို့ ပြင်တော့ တံခါးခေါက်သံကြားလိုက်ရလို့

"၀င်ခဲ့ Par"

တံခါးဖွင့်ကာ ၀င်လာတာက Par Jiaw မဟုတ်ဘဲ Perth ဖြစ်နေတော့ ကုတင်ပေါ်ထိုင်နေရာကနေ ဆတ်ခနဲ ထရပ်လိုက်တယ်

Belong With You ❤️🖤Where stories live. Discover now