5

72 7 0
                                    

Belong With You

အပိုင်း (5)

လက်မောင်းပေါ် လေးလံတဲ့အရာတခု ဖိထားလို့ အိပ်ရတာ မလွတ်လပ်တဲ့စိတ်ကြောင့် Saint နိုးလာပြီး ကြည့်မိတော့

Perth က Saint ဘယ်ဘက်လက်တချောင်းလုံးကို ပုခုံးနဲ့ဖိ ခေါင်းကို Saint နဲ့ ပုခုံးနဲ့ ရင်ဘတ်ပေါ် ပြစ်တင်ပြီး ကန့်လန့်ပက်လက်ကြီး အိပ်နေတာ

Saint က လက်က နာနေတော့ သူ့အပေါ်လက်လွတ်စပယ် အိပ်နေတဲ့ Perth ကို တော်တော်စိတ်တိုသွားပြီး နဖူးကို လက်နဲ့ရိုက်ချလိုက်တယ်

ဒါလည်း Perth က မနိုးဘဲ

အင်းးးး ကို သံရှည်ဆွဲကာ သူ့ဘက်လှည့်လာပြီ ဗိုက်ကိုဖက်ပြီး Saint ပေါင်ကိုခွပြီး ဆက်အိပ်နေတယ်

Saint တော်တော် အနေကျဉ်းကျပ်သွားပြီး ယုတ်မာချင်စိတ်ကပေါ်လာတာနဲ့

"ဟေ့ကောင်Perth ... Perth ထ ထ ကိုးခွဲနေပြီ မင်းစာမေးပွဲဖြေဖို့မမှီတော့ဘူး "

Perth ခန္ဓာကိုယ်ကို အလန့်တကြားတွန်းကာ
အော်ပြောလိုက်တာမို့

"ဟမ်.. သေပြီ သွားပြီ .."

ဆတ်ခနဲထ ကုတင်ဘေး ဆံပင်ကြား လက်နှစ်ဖက်လုံးထည့်ကာ ခုန်ဆွခုန်ဆွနဲ့ ဟိုဘက်ပြေးရမလ်ို ဒီဘက်ပြေးရမလိုဖြစ်နေတဲ့ Perth ကို

"ဟိုမှာ ရေချိုးခန်းလေ ရေမြန်မြန်သွားချိုးလေကွ"

အော်ပြောလိုက်တဲ့ အသံနဲ့အတူ ရေချိုးခန်းထဲ Perth ၀င်ပြေးသွားတာကို ကြည့်ပြီး တခွီခွီ ရယ်နေတယ်

တကယ့်ကိုခဏလေးပဲ ငါးမိနစ်သာသာလောက်နဲ့ ရေချိုးပြီး ရေချိုးခန်းထဲက Saint ပုဝါကို ခါးမှာပတ်ပြီး ပြန်ထွက်လာတယ်

တကယ့်ကို အလောတကြီးပုံစံနဲ့ပါ

"ကိုကို သား .. ကိုကိုဖို့ယူနီဖောင်း ဘီရိုထဲထပ်ထားတယ်... သွားတိုက်ဆေးထည့်ခဲ့ပြီ... ကျန်တာ ကိုကို့ဖာသာလုပ်လိုက်နော် သားနောက်ကျနေပြီမို့"

ရေချိုးခန်းကနေထွက်ရင်း ပြောလည်းပြော

အခန်းတံခါး၀ကိုလည်း တန်းပြေးသွားပြီး သူ့အခန်းဖက် ပြန်သွားတယ်

Belong With You ❤️🖤Where stories live. Discover now