Belong With You
အပိုင်း (21)
30.03.2019 Saturday Morning
စိတ်တိုတာနဲ့ မနေ့ကနေ့လည်ထဲက ကိုကို့အခန်းလည်းမသွားဘူး ဘာမှလည်း လုပ်မပေးဘူး
ဟိုနှစ်ကောင်နဲ့ အတူ တနေကုန် Project လုပ်ပြီး ညနေ ChaAm တို့ ရောက်လာတော့ စာဆက်လုပ်နဲ့
Par ကို Project အရေးကြီးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုကို့ ဝေရာ၀စ္စတွေကို လုပ်ခိုင်းထားတယ်
နှစ်ရက်ဆက်တိုက် အိမ်မှာအိပ်ပြီး စာလုပ်ထားတဲ့ Tin နဲ့ Can လည်း အိမ်ပြန်နားကြတယ်
ကိုယ်တိုင်ကလည်း ပင်ပန်းနေပြီမို့ ညမှ Project ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး
မနက်စာစားဖို့ ဆင်းလာတယ်
ထမင်းစားခန်းထဲ ရောက်တော့ Saint က ထိုင်ပြီး ကော်ဖီသောက်နေတယ်
"ဟာ .. ဘာလို့ အောက်ဆင်းလာတာလဲ? Par ကလည်း ပြူတင်းပေါက် ပိတ်မပေးသွားဘူး.. ပြန်အအေးပတ်တော့မှာပဲ."
ပြောတာလား ဆူတာလား မသိဘဲကို တယောက်ထဲ ပြာယာခတ်
Saint နဲ့ ဘေးတိုက်ဖြစ်နေတဲ့ ခပ်လှမ်းလှမ်းက လေတိုးနေတဲ့ ပြူတင်းပေါက် ကို အပြေးအလွှားသွားပိတ်နဲ့ အလုပ်ကိုရှုပ်နေတော့တဲ့ Perth ကို ကြည့်ပြီး
Saint ကျေနပ်ပြုံးလေး ပြုံးနေမိတယ်
"ကိုကို.. နေကောင်းနေပါပြီ Perth."
"ကောင်းတောင် ကောင်းခါစလေ.. လေစိမ်းပြန်မိရင် ပြန်ဖျားမှာပေါ့..နည်းနည်းပါးပါး ဂရုစိုက်စမ်းပါ.. တယောက်ထဲနေရင် ဘယ်လိုလုပ်မလဲ.."
ပန်းကန်ဆေးစင်ဘေးနားမှာ ပေါင်မုန့် မီးကင်ဖို့ ပြင်ရင်း လှည့်မကြည့်ဘဲ Perth က ပြောလိုက်တယ်
ခပ်ပွပွဆံပင်လေးကို ရှေ့ခေါင်းပေါ် နဖူးအပြောင် စုစည်းသိမ်းထားတဲ့ကလေးပေါက်လေး
သား .. သား နဲ့ အမြဲ ပြောတတ်တဲ့ကလေးပေါက်လေးက
အခုကျလူကြီးလေးလို ပြောနေတာ ချစ်ဖို့ကောင်းလိုက်တာ
ဒီကလေးလေးကို ဘာလို့ ငယ်ငယ်တည်းက နှိပ်စက်အနိုင်ကျင့်မိတာပါလဲ