Belong With You
အပိုင်း (2)
ခပ်ကြွကြွလျှောက်လှမ်းလာတဲ့ခြေလှမ်းနဲ့အတူ လှုပ်ရှားသွားတဲ့ ဆံပင်ပျော့ပျော့လေးတွေက နဖူးပေါ်ကြည့်ကောင်းစွာဝဲကျ လှုပ်ခါနေတယ်
ထူထဲတဲ့ဆံပင်ပျော့ပျော့လေး
မဲနက်တဲ့မျက်ခုံး
စူးရှတဲ့မျက်၀န်း
ဖြောင်းစင်းနေတဲ့ နှာတံ
လှပတဲ့ နှုတ်ခမ်းပါးလေး
ကြည်လင်တဲ့အသားရည် နဲ့
အရပ်ရှည်ရှည် ကောင်လေးတယောက်ကို တကျောင်းလုံးက ပန်းအလှလေးတွေ မြေခ ခစားရတယ်ဆိုရင် ယုံနိုင်မလား?
တကျောင်းလုံးရဲ့ All King (Moon) ဖြစ်တဲ့ Saint အတွက်တော့ ငေးကြည့်ခံရတယ် ဆိုတာ သမရိုးကျဖြစ်စဉ်တခုလိုရိုးနေပြီမို့ ခပ်သည်းသည်း ကဲကဲ မိန်းမလှတွေ အကြည့်အောက် ခပ်ချေချေပဲ လျှောက်လာတယ်
"P'Saint .."
ရုတ်တရက်ခေါ်သံနဲ့အတူ အရှေ့မှာ ပိတ်ရပ်လာတဲ့
ခုနှစ်ရောင်ချယ် သက်တန့်လို မျက်နှာမှာအရောင်မျိုးစုံနဲ့လှပလွန်းတဲ့ ကောင်မလေးတယောက်
လက်ထဲမှာ အနီရောင်နှင်းဆီပွင့်လေးတပွင့်ရယ်
လှပတဲ့ ကိတ်လေးတလုံးရယ်
"...."
"P' အတွက် Honey ၀ယ်လာတာ လက်ခံပေးနော်"
"ဘာအတွက်လဲ" ... ခပ်ချေချေမျက်နှာထားနဲ့မျက်မှောင်ကျုံ မေးလိုက်တယ်
၀ိုင်းကြည့်နေတဲ့ အပျို ချောတွေ ကြိတ်ကြိတ်ပြောနေကြပြီ
' ဒီကောင်မတော့ ဂွမ်းတော့မယ်' တဲ့
"P' ကိုစားစေချင်လို့ ပြီးတော့ .. ဟို Honey အချစ်ကို လက်ခံစေချင်လို့"
"ဟားးဟားး.... မင်းက ငါ့ကို?"
သူ့ရင်ဘတ်သူ လက်ညှိုးထိုးပြီး Honey မျက်နှာရှေ့သို့ ခါးလေးအနည်းငယ်ကုန်းပြီး သရော်သလိုမျက်နှာဘေးနဲ့မေးလိုက်တယ်
"ဟုတ် .. P'"
ခေါင်းလေး ငုံ့ကာဖြေလိုက်တဲ့ Honey