Belong With You
အပိုင်း (13)
22.03.19
ကျွန်မ သားလေးကို ကျွန်မ အရမ်းချစ်ပါတယ်
Perth ကိုလည်း သားအရင်းတယောက်လိုချစ်ပေးနိုင်ပေမဲ့ သားမက်တယောက်အဖြစ်တော့ ကျွန်မလက်မခံနိုင်ဘူး
ကျွန်မ လက်မခံနိုင်တဲ့ အခြေအနေတခုကို အမေတယောက်အနေနဲ့ တားဆီးပိုင်ခွင့် အပြည့်အ၀ရှိတယ်လို့ ကျွန်မထင်တယ်
ထို့အတွက်ပဲ ကျွန်မ လာခဲ့တာက Mr.OH ရဲ့အိမ်ကိုပဲ
Mr.OH ရဲ့ သမီးအကြီးမလေး Wedding Party သွားရင်း သမီးငယ်လေး ChomPo က သားတို့နဲ့ ကျောင်းအတူတူပဲဆိုတာ သိခဲ့ရတယ်လေ
"P' Nuk ..ကြွပါဗျာ ..လာမယ်ဆိုလို့မျှော်နေတာ"
"ဟုတ်တယ် N' ေ၇ . အလုပ်လေးတခု ပေါ်လာလို့ နည်းနည်းနောက်ကျသွားတယ်... P' ပြောထားတဲ့ ကိစ္စလေး...??"
"ကျွန်တော် လက်မခံစရာ ဘာရှိလဲဗျာ..
Par ... သမီးကို ခဏခေါ်ပေးပါ"
Mr.OH က NUK ကို စကားပြောရင်း တဆက်တည်း အိမ်အကူ အမျိုးသမီးကို ဆက်ပြောလိုက်တယ်
"P' ပြောထားလို့ ကျွန်တော် သမီးကို ဒီနေ့ကျောင်းမသွားခိုင်းထားဘူးလေ"
"သမီးလေး လက်ခံအောင် N' ပြောဖို့လိုတယ်နော်.. P' က ခင်မင်မှုအတွက်ပဲ တောင်းဆိုချင်ပါတယ်.."
ဧည့်ခန်းဆီသမီးဖြစ်သူလျှောက်လာတာမြင်တော့ နှစ်ယောက်စလုံး စကားစ ပြတ်သွားခဲ့တယ်
"လာ..သမီး."
ဖခင်ဖြစ်သူနား ၀င်ထိုင်ရင်း..
"မင်္ဂလာပါ အန်တီ..."
"မင်္ဂလာပါကွယ်.. အန်တီလာတဲ့ အကြောင်းရင်း သမီးဖေဖေပြောပြပြီးရောပေါ့.."
"ဖေဖေ.. သမီး .. အန်တီနဲ့ နှစ်ယောက်ထဲ ပြောလို့ရမလား?"
"ပြောလေ.. သမီး .. ဖေဖေ ရုံးသွားလိုက်တော့မယ်... P' ကျွန်တော့်ကို ခွင့်ပြုပါဦး"
"အင်း." .. Nuk ခေါင်းငြိမ့်ပြလိုက်တယ်
Mr.OH ထွက်သွားပြီးဆို ChomPo က
"အန်တီ.. သမီး Perth ကို လက်ထပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး အန်တီ.. သမီး၀န်ခံပါတယ်
သမီး Perth ကိုချစ်ပါတယ်... ဖွင့်လည်းပြောဖူးပါတယ် .. ဒါပေမဲ့ Perth က သမီးကိုမချစ်ဘူး အန်တီ... သူ နဲ့ ဒီ သူငယ်ချင်းသံယောဇဉ်လေး ဆုံးရှုံးသွားမှာကြောက်တယ် အန်တီ"