Belong With You
အပိုင်း (27)
16.04.2019
ကျောင်းကို ရောက်ဖို့သာ စိတ်စောနေတဲ့ Saint
ကားကို တရပ်ကြမ်းမောင်းဝင်လာခဲ့တယ်
ကား Parking ထားပြီး အရင်ဆုံးဦးတည်မိတာက Perth ရဲ့ကျောင်းဆောင်ဘက်ကို
Perth ကို အပြေးအလွှားမွှေရှာနေမိတယ်
စာသင်ခန်း မှာလည်း မရှိ
Canteen
Workshop
ငှာန
နေရာအနှံ့ရှာနေပေမဲ့ မတွေ့ဘူး
ဖုန်းခေါ်တော့လည်းမကိုင်ဘူး
ဒီအချိန် မရောက်သေးတာလည်း မဖြစ်နိုင်ဘူး
Saint လမ်းမှာ Accident တခုကြောင့်ကားလမ်းပိတ်နေလို့သူတောင် နောက်ကျနေတာ
Perth မရောက်သေးတာ မဖြစ်နိုင်ဘူး
ဘယ်မှာရှာ၇မှန်းမသိလို့ ကိုယ့်စာသင်ခန်း ကိုယ်ပြန်ဖို့ ကျောင်း အနောက်ဘက်လမ်းအတိုင်း လျှောက်လာရင်း ဘတ်စကတ်ဘော ခန်းမ နားအရောက်မှာ တချိန်က Perth နဲ့အခြေအတင်ဖြစ်ခဲ့တာကိုသတိ၇သွားပြီး စာလည်းမသင်ချင်တာနဲ့ ခန်းမထဲ ခဏဝင်ထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်
ခန်းမ တံခါးကို ခပ်ဟဟ တွန်းဖွင့်လိုက်ရုံနဲ့ အထဲက ကြားလိုက်၇တယ် အသံက
"နင် တကယ် မင်္ဂလာပွဲ လက်ခံမှာလား ChomPo"
"လက်ခံမှာပေါ့ Perth .. ဒါ ငါမျှော်လင့်တဲ့ အိပ်မက်ပဲလေ"
ထိုအသံနဲ့အတူ မြင်လိုက်၇တာက
ခြေဖျားထောက်ကာ ChomPo က Perth ရဲ့နှုတ်ခမ်းသားကို နမ်းလိုက်တဲ့ မြင်ကွင်းက Saint ရင်ထဲ မီးမြိုက် လိုက်သလို
ခြေလှမ်းတို့ယောင်ယမ်းကာ နောက်ဆုတ်လိုက်မိပြီး
ကျောခိုင်းထွက်ပြေး သွားလိုက်မိတဲ့အထိကို မခံစားနိုင်ဖြစ်စေတဲ့ မြင်ကွင်းပါ
ဘယ်လောက်အထိ ပြေးသွားမိလိုက်လည်း မသိဘူး
သတိထားမိတဲ့ အချိန်မှာ ကျောင်းဝန်း ရှေ့ဆုံးက ဘောလုံးကွင်းရောက်မှ မောသလိုခံစားမိတယ်