Belong With You
အပိုင်း (26)
15.04.2019 Monday
Saint တယောက် မနက်က Can ဖြေလိုက်တဲ့ အဖြေကြောင့်
တနေကုန် စိတ်ပျက်စိတ်ညစ်ဖြစ်နေခဲ့တာ
အိမ်လည်းမပြန်ချင်တာနဲ့ တညနေလုံးကားပတ်မောင်းနေမိတယ်
မိုးချုပ်ခါစမှ အိမ်ပြန်လာတော့ တံခါးဖွင့်ဖွင့်ချင်း မာမီရောက်နေတာ သိလိုက်ရတော့
"မာမီ.."
"ဘယ်တွေလျှောက်သွားနေတာလဲ..မာမီမင်းကို ခရီးကပြန်ရောက်ရောက်ချင်း ညနေထဲကထိုင်စောင့်နေတာ"
"ဖုန်းဆက်လိုက်ရင် ၇တာပဲ မာမီ"
"မဆက်ပါဘူး .. မင်းစိတ်အေးအေးနေနိုင်သလောက်နေလို့ရအောင် မဆက်တာ.."
"ဘာကိုလဲမာမီ.."
အိတ်ထဲက အညိုရောင်စာအိတ် တအိတ်ကို ပြစ်ချပေးပြီး
"ဖွင့်ကြည့်.."
ကျောပိုးအိတ်အသာချကာ ဆိုဖာမှာဝင်ထိုင်ပြီးစာအိတ်ကိုဖွင့်ကြည့်လိုက်တော့
"ဟာ.."
အစုလိုက်အပြုံလိုက် ပြုတ်ကျလာတဲ့ ဓါတ်ပုံတွေ ဓါတ်ပုံတွေ
ပုံတွေတိုင်းမှာ အရမ်းကြည်နူးနေတဲ့ အချစ်ငှက်နှစ်ကောင်
သူတို့က Perth နဲ့ ChomPo
Saint အသဲကိုတစစီဆွဲဖြတ်နေသလိုပုံတပုံကြည့်လိုက်တိုင်းတခါ တဆစ်ဆစ် နာကျင်နေတော့တယ်
"မာမီ.."
"မင်းမယုံဘူးဆိုတော့..မာမီက သက်သေပြ၇မယ်လေ"
"မဖြစ်နိုင်ဘူးမာမီ.. ဒါ.. ဒါ"
"သား.. Saint ..မင်းစိတ်ကိုမင်းဆင်ခြင်သင့်ပြီ.. အခု Perth က တကယ်ချစ်တာဘယ်သူလဲသားသိနေတာပဲ.."
"မာမီ.. ကျွန်တော်.."
တုံ့ပြန်ဖို့တောင် စကားလုံးရှာမရစွာနဲ့ ဆွံအနေရင်း ရင်ဘတ်ထဲက နာကျင်နေမှုကြောင့် မျက်ရည်တွေ ထိန်းမရအောင် စီးကျလာမိတယ်
မာမီကဘေးလာထိုင်ကာပုခုံးလေးကိုဖက်ပြီး
"သားလေးရယ်.. သားကိုမာမီစိတ်မဆင်းရဲစေချင်ပါဘူး.. သားအခုလိုငိုတာမြင်တော့ မာမီအားလုံးကိုအလျော့ပေးလိုက်ချင်ပါတယ်.. ဒါပေမဲ့ Perth က ChomPoနဲ့ လက်ထပ်ခွင့်ပေးဖို့ကိုတောင် မာမီဆီခွင့်တောင်းပြီးနေပြီဆိုတော့..."